DVB Logo
Home
မြန်မာသတင်း
ဒုံးပျံတင်နှင့် မောင်းသူမဲ့ စစ်ရေယာဉ်တို့ တပ် တော်ဝင်ဟု တပ် သတင်းထုတ်ပြန်
DVB
·
December 25, 2016
ဒုံးပျံတင်နှင့် မောင်းသူမဲ့ စစ်ရေယာဉ်တို့ တပ် တော်ဝင်ဟု တပ် သတင်းထုတ်ပြန်
1 / 17
Donate to DVB

ဒုံးပျံတင်စစ်ရေယာဉ်နဲ့ မောင်းသူမဲ့ စစ်ရေယာဉ်တို့ ပါဝင်တဲ့ စစ်ရေယာဉ်တပ်တော်ဝင်အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက် တပ်မတော်ရေ ၆၉ နှစ်မြောက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်မြို့ အမှတ် (၃) ရေတပ်ဆိပ်ခံတံတားမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားမှာ  ဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် တပင်ရွှေထီးနဲ့  မောင်းသူမဲ့ရေယာဉ် Unmanned Surface Vehicle (USV) တို့ စမ်းသပ်မောင်းနှင်ပြခဲ့တာ ဖြစ်ပါတယ်။

တပ်တော်ဝင်အခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ပြီး တပ်မတော် (ရေ) အား မြန်မာ့ကမ်းရိုးတန်းကို လုံခြုံစွာကာကွယ်စောင့်ရှောက်နိုင်တဲ့အဆင့်ကနေ ပင်လယ်ပြာအထိ စိုးမိုးနိုင်တဲ့ Blue Water Navy အဖြစ် ရည်မှန်းတည်ဆောက်လျက်ရှိတယ်လို့ ပြောခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးကို ဖရီးဂိတ်စစ်ရေယာဉ် အောင်ဇေယျဦးဆောင်တဲ့ ဖရီးဂိတ် စစ်ရေယာဉ် ကျန်စစ်သား၊ ဆင်ဖြူရှင်၊ ဒုံးပျံတင်ကော်ဗက်စစ်ရေယာဉ် ဘုရင့်နောင်၊ အမြန်သွား တိုက်ခိုက်ရေးရေယာဉ်များက Single Line Formation ပုံပြုမောင်းနှင်ပြီး ချီတက်အလေး ပြုခဲ့ကြတယ်လို့ ကာကွယ်ရေးဦးစီးချုပ်သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013