DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံ တပ်မတော်စစ်ဆေးရုံတွင် H1N1 လူနာ ၂ ဦး တွေ့ရှိ
DVB
·
August 1, 2017
ကျိုင်းတုံ တပ်မတော်စစ်ဆေးရုံတွင် H1N1 လူနာ ၂ ဦး တွေ့ရှိ
Donate to DVB

 

ကျိုင်းတုံမြို့ ကုတင် ၃၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံမှာ ရာသီတုပ်ကွေး A(H1N1) ရောဂါပိုးတွေ့ရှိသူ ၂ ဦး တွေ့ရှိရတယ်လို့ သြဂုတ် ၁ ရက်နေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက "တပ်မတော်စစ်ဆေးရုံက Report ၀င်လာတာ ဟုတ်ပါတယ်။ အခုလောလောဆယ်တော့ အထူးကြပ်မတ်ဆောင်မှာ ကုသမှုခံယူနေ ပါတယ်။ လူနာတွေကတော့ စိုးရိမ်စရာ အခြေအနေတော့ မရှိပါဘူး"လို့ ပြောပါတယ်။

A(H1N1) ရောဂါပိုးတွေ့ရှိတာနဲ့ ပတ်သက်ပြီး ရောဂါပိုးကူးစက်ခံရသူနဲ့ နီးစပ်တဲ့ ပတ်ဝန်းကျင်တွေကို ရှင်းလင်းမှုနဲ့အတူ ကာကွယ်မှုတွေပြုလုပ်ထားပြီး ဒေသခံတွေကိုလည်း ရောဂါပိုးနဲ့ ပတ်သက်တဲ့ ပညာပေးလုပ်ငန်းတွေနဲ့ Mark ကာကွယ်မှုတွေ ပြုလုပ်ဖို့ လုပ်ကိုင်နေတယ်လို့ ပြောဆိုပါတယ်။

တပ်မတော်သားတဦးက “ကျိုင်းတုံမြို့ တပ်မတော်စစ်ဆေးရုံမှာ ရာသီတုပ်ကွေး ကူးစက်ခံထားရတဲ့ လူနာတွေ အများအပြား တက်ရောက်ကုသမှုခံယူနေတဲ့အပြင် အထူးကြပ်မတ်ဆောင်မှာ လူနာ ၂ ဦး ကုသမှုခံယူနေတာ တွေ့ရှိရတယ်”လို့လည်း ပြောပါတယ်။

ကျိုင်းတုံမြို့ အမှတ် (၁၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ ဖျားနာပြီး ဆေးကုသရာမှ အဆိုပါ တပ်ဖွဲ့ဝင် ၂ ဦးမှာ A(H1N1) ရောဂါပိုး တွေ့ရှိထားတာဖြစ်ပြီး လက်ရှိမှာ သီးသန့်အခန်းအတွင်း ထားရှိကုသနေ တယ်လို့ သိရပါတယ်။

A(H1N1) ရောဂါပိုးတွေ့ရှိတဲ့ လူနာ ၂ ဦးဟာ တပ်မတော် အမှတ်(၁၁) တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှာ တက်ရောက်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တချို့ ဖျားနာလို့ ဆေးကုသမှု ခံယူရာကနေ စစ်ဆေးတွေ့ရှိတာလို့လည်း သိရပါတယ်။

သတင်း - ကိုဇက်၊ တာချီလိတ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013