
အာဖဂန်နစ္စတန်နိုင်ငံမှာ စစ်ရေးလှုပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့ ပါကစ္စတန်ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက မတ် ၁၇ ရက်မှာ ပြောပါတယ်။
ကဘူးလ်မြို့က မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးဌာနတခုကို ပါကစ္စတန်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၄၀၀ ကျော် သေဆုံးပြီး ၂၆၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အာဖဂန်က တာလီဘန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့မှာ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ နှစ်ဖက်အကြား တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက်ပိုင်း အသေအပျောက် အများဆုံးဖြစ်ရပ်လည်း ဖြစ်ပါတယ်။
ပါကစ္စတန်က ဒီထုတ်ပြန်ချက်ကို မှားယွင်းပြီး လမ်းလွဲစေတဲ့လုပ်ရပ်လို့ ငြင်းဆိုခဲ့ပြီး မတ် ၁၆ ရက်မှာ “စစ်ရေးအဆောက်အအုံတွေနဲ့ အကြမ်းဖက်ထောက်ပံ့ရေး အခြေခံအဆောက်အအုံတွေကို တိတိကျကျ ပစ်မှတ်ထားခဲ့တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ပဋိပက္ခဟာ မိုင် ၁,၆၀၀ ရှည်တဲ့ နယ်စပ်ကို မျှဝေထားတဲ့ အိမ်နီးချင်းနိုင်ငံ တွေကြား အဆိုးရွားဆုံး ဖြစ်ခဲ့ပါတယ်။
Source: Reuters










