DVB Logo
Home
မြန်မာသတင်း
H1N1 ကာကွယ်ဆေးသတိပြုရန် ဆေးသုတေသနဦးစီးဌာန အကြံပြု
DVB
·
July 31, 2017
H1N1 ကာကွယ်ဆေးသတိပြုရန် ဆေးသုတေသနဦးစီးဌာန အကြံပြု
Donate to DVB

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ရောဂါနဲ့ ပတ်သက်တဲ့ ကာကွယ်ဆေးတွေ တကယ်အသုံးတည့်မတည့် သတိပြုဖို့ ဆေးသုတေသနဦးစီးဌာနက အကြံပြု ပြောဆိုထားပါတယ်။

ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) ရောဂါနဲ့ပတ်သက်လို့ လူမူကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေမှာ ဆေးကြော်ငြာတွေနဲ့ ကာကွယ်ဆေးကြော်ငြာတွေ ထွက်ပေါ်နေတဲ့အပေါ် စိစစ်အသုံးပြုဖို့ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာကျော်ဇင်သန်းက အကြံပြုပါတယ်။

ရာသီတုပ်ကွေး (Seasonal Influenza A (H1N1) နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေဟာ ကမ္ဘာ့ဈေးကွက်မှာ တရားဝင် အသိမှတ်ပြုဆေးဝါးတွေ ရှိနေပြီးသားဖြစ်ပေမယ့် ရာသီတုပ်ကွေး အခြေအနေတွေပေါ် မူတည်ပြီး H1N1 ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးစိတ်ကွဲပြောင်းလဲမှုတွေအရ မြန်မာပြည်အခြေအနေနဲ့ အသုံးတည့်မှု ရှိမရှိဆိုတာ အာမခံချက်မရှိတာဘဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ (Seasonal Influenza A (H1N1) ရာသီတုပ်ကွေး ရောဂါအခြေအနေနဲ့ ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမားရေးအဖွဲ့ကလည်း နည်းပညာပိုင်းအရ အကူညီပေးနေပြီး အစိုးရိမ်မလွန်ကဲဖို့  ပြောဆိုထားပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာအရ A (H1N1) တုပ်ကွေးရောဂါဖြစ်ပွားသူ ၅၀ ကျော်၊ သေဆုံးသူ ၁၀ ဦးရှိသွားပြီဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင် ၃၀ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013