DVB Logo
Home
မြန်မာသတင်း
ပုသိမ်ဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးမှု H1N1 ကြောင့် ဟုတ်မဟုတ် စစ်ဆေးနေ
DVB
·
July 27, 2017
ပုသိမ်ဆေးရုံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးသေဆုံးမှု H1N1 ကြောင့် ဟုတ်မဟုတ် စစ်ဆေးနေ
Donate to DVB

 

ပုသိမ်ပြည်သူ့ဆေးရုံမှာ H1N1 သံသယရှိကိုယ်ဝန်ဆောင်တဦးသေဆုံးသွားတယ်လို့  ဆေးရုံအုပ် ဒေါက်တာစုစုလှိုင်က အတည်ပြုပြောကြားပါတယ်။

လူနာဟာ ဇူလိုင် ၂၅ ရက် မနက် ၁၀ နာရီခွဲလောက်မှာ ဆေးရုံရောက်လာပြီး ၂နာရီ ဝန်းကျင်မှာ သေဆုံးခဲ့တာပါ။ သေဆုံးချိန်မှာ ကိုယ်ဝန်အဆိပ်သင့်လက္ခဏာမျိုးတွေ့ရတယ်လို့  ဒေါက်တာစုစုလှိုင်က ပြောပါတယ်။

“မနက်ပိုင်း ၁၀ နာရီခွဲလောက်ရောက်ပြီး နေ့လည် ၂ နာရီလောက်မှာဆုံးသွားတယ်။ လာတဲ့ အချိန်မှာတော့ pressure ကတအားတက်နေတယ်ဆိုတော့ ကိုယ်ဝန်အဆိပ်တက်တာ ဖြစ်နိုင်တယ်ပေါ့။ ကိုယ်ဝန်က နှစ်ဆယ့်ရှစ်ပတ်နဲ့သွေးတိုးက ၁၆၀ ၁၀၀ ရှိတယ်။ မောနေတဲ့ အခါကျတော့ ဖြစ်နိုင်တာက ကိုယ်ဝန်အဆိပ်တက်လို့ရှိရင် အဆုပ်ထဲမှာလေတွေဝင်ပြီးတဲ့ အခါကျတော့ ဖြစ်တတ်တယ်လေ။ မောတာလိုအပ်တာတွေ စစ်တယ်။ ဆီးစစ်လို့ ဆီးကလည်း ခဲနေတယ် ပရိုတင်းတွေတအားများပြီးခဲနေတယ်။ ကိုယ်ဝန်အဆိပ်တက်မှ အဲ့လိုဖြစ်တယ်လေ။ အဲ့ဒါစစ်ပြီးတဲ့အချိန်မှာ လူနာက အသက်ထွက်သွားတယ်။ ဘာမှကို မလုပ်လိုက်ရသေးဘူး။”

အဆိုပါ လူနာရဲ့ ရောဂါကို ပြန်စစ်ဆေးတာမှာ  ၁၀ ရက်လောက် ဖျားပြီး ချောင်းဆိုးတာရှိတာကြောင့် သံသယရှိ လူနာ အဖြစ်သတ်မှတ်ပြီး Swab (လည်ချောင်းတို့ဖတ်) ကိုမနေ့က ရန်ကုန်ကို ပေးပို့စစ်ဆေးထားပြီး အဖြေကတော့ သိရှိရခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

“သူ့မှာ History က ဘာရလဲဆိုတော့ ဖျားတယ်၊ ချောင်းဆိုးတယ်။ ၁၀ ရက်ဆိုတဲ့ဟာက ထွက်လာတယ်အမတို့က သံသယရှိတဲ့အခါကျတော့ Swab (လည်ချောင်းတို့ဖတ်)ကို ယူပြီးတော့ ရန်ကုန်ကိုပို့ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ PE သည် အဲ့ဒီလောက်မြန်သလားလဲ တချက်လေ ဘာမှကို မလုပ်လိုက်ရသေးပဲနဲ့ History မှာ အဲ့လိုတချက်ရတယ်။ လာတဲ့အချိန်မှာတော့ အဖျားလုံးဝမရှိဘူး သံသယပဲရှိတာပါ။ အဖြေကတော့ ပြန်မရသေးဘူး။ ဘာပဲဖြစ်ဖြစ် ဖျားတယ်။ ချောင်းဆိုးတယ်ဆိုတဲ့ History ရတယ်ဆိုရင် သံသယရှိအဖြစ်ထားတာပါ” လို့ ဒေါက်တာစုစုလှိုင် ကပြောပါတယ်။

လက်ရှိအချိန်မှာတော့ ပြင်းထန်တဲ့ ဖျားနာချောင်းဆိုး လူနာတွေရှိလာရင် သံသယရှိလူနာတွေ အဖြစ် စောင့်ကြည့်မှုတွေပြုလုပ်နေပါတယ်။ ပုသိမ်မြို့မှာ မနေ့ကထိ  H1N1 လူနာလေးဦး တွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက အတည်ပြုပြောကြားထားပါတယ်။

ပုသိမ်မြို့က အရပ်ဘက်အဖွဲ့အစည်းတွေကလည်း  ဆေးရုံနဲ့ လူစည်ကားရာနေရာတွေမှာ နှာခေါင်းစည်း Mask နဲ့ လက်ကမ်းစာဆောင်ဖြန့်ဝေတာတွေ ပြုလုပ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013