DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း လိပ်တက်ရွာ မြစိမ်းရောင်စီမံကိန်း စွမ်းဆောင်ရည် ပထမဆုရ
DVB
·
July 23, 2017
ဝမ်းတွင်း လိပ်တက်ရွာ မြစိမ်းရောင်စီမံကိန်း စွမ်းဆောင်ရည် ပထမဆုရ
1 / 5
Donate to DVB

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊  ရေတွင်းအုပ်စု လိပ်တက်ရွာကို မြစိမ်းရောင်  အရင်းမပျောက်လည်ပတ် ရန်ပုံငွေ အကောင်အထည်ဖော်လုပ်ဆောင်ရာ တိုင်းဒေသကြီးတခု လုံး စွမ်းဆောင်ရည်အကောင်းဆုံး ပထမဆု  ရရှိခဲ့တယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက  ပြောပါတယ်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဦး က “ရွာတရွာကို အရင်းမပျောက် လည်ပတ်ရန်ပုံ ငွေ သိန်း ၃၀၀ မတည်ထုတ်ပေးတယ်။ ရွာသူ ရွာသားတွေရဲ့ ဆန္ဒနဲ့ တင်မြှောက်တဲ့ ကော်မ တီက အဲဒီငွေကို လုပ်ငန်းအလိုက် ထုတ်ချေးတယ်။ လုပ်ငန်းပေါ်မူတည်ပြီး ၂ သိန်း ၃ သိန်း  ၅ သိန်း ရကြတယ်။ ၁၀၀ အပေါ် အတိုး ပြား ၅၀  ၁ ကျပ် ၁ ကျပ်ခွဲ ၃ မျိုးအနက် ရွာသဘောအရ  သတ်မှတ်ပြီး ယူစေတယ်။ ဌာနက ဝင်မစွက်ဖက်ဘူး၊ ကြီးကြပ်တည့်မတ်ပေးတာပဲရှိတယ်။ လိတ်တက်ရွာကို ၂၀၁၄/၁၅ ဘတ်ဂျက်မှာ ထုတ်ပေးခဲ့တယ်။ ရွာဖွံ့ဖြိုးတိုးတက်လာမှုကို  အကဲဖြတ်အမှတ်ပေးအဖွဲ့တွေက ၃ နှစ်စောင့်ကြည့်ပြီး ၂၀၁၇ ဇွန်လမှာ တိုင်းတခုလုံး စွမ်းဆောင်ရည် အကောင်းဆုံး ပထမဆုပေးတယ်။ ရမည်းသင်းမြို့နယ် ပုတီးကုန်းရွာက ဒုတိယ၊ အမရပူရမြို့နယ် မန်းကျီးကိုင်းရွာက တတိယ ရကြတယ်” လို့ ပြောပါတယ်။

လိပ်တက်ရွာ မြစိမ်းရောင်ကော်မတီဥက္ကဋ္ဌ  ဦးသန်းထိုက်က “ကော်မတီအဖွဲ့တွေ ညီညွတ် ပြီး ကြိုးစားတယ်။ အဲလိုလုပ်တော့ ရွာကယုံကြည်လာတယ်။ ရွာသူရွာသားကပါ လိုက်ပြီး ကြိုးစားကြတယ်။ စိုက်ပျိုးရေးထက် အရင်းမပျောက် လည်ပတ်ငွေ ထုတ်ချေးပြီး  မွေးမြူရေးလုပ်ကြတယ် မှန်မှန်ကန်ကန် ပြန်ဆပ်တယ်။ အတိုးပေးတယ်၊ အတိုးကနေ ရွာဖွံ့ဖြိုးရေးလုပ်တယ်။ ကျေးလက်ဖွံ့ဖြိုးရေးက  လျှပ်စစ်မီးဆွဲပေးတယ်။ သိန်း ၆၀၀ လောက်ကုန်တာကို ရွာက သိန်း ၁၀၀ ပဲ ကျခံရတယ်။ လက်လုပ်လက်စား ဘဝကနေ  လွတ်လာတယ်။ တပိုင်တနိုင် လုပ်ငန်းလေးတွေ ဖြစ်လာတယ်။ ဒါတွေကို ကြည့်ပြီး အကဲဖြတ် အမှတ်ပေးတယ်၊ တတိုင်းလုံး ပထမ ရတယ်” လို့ ပြောပါတယ်။

ဘဏ္ဍာရေးမှူး ဒေါ်ခင်စန်းအေးက “၂၀၁၄/၁၅ကစပြီး ရွာကလူတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်တယ်။ အခုဆို သိန်း ၃၀၀ က စတာ သိန်း ၄၀၀ ကျော်သွားပြီ။ စာရင်းဇယား အတိ အကျ လုပ်ထားတယ်၊ လူကြီးတွေလာရင် ပြပေးပါတယ်။ အားလုံးညီညွတ်လို့ ပထမရ တာပါ” လို့ ပြောပါတယ်။

မြစိမ်းရောင်ကော်မတီ ဖွဲ့ရာမှာ ၅ ဦး၊ ၇ ဦး၊  ၁၁ ဦး သင့်သလို ရွာသဘောအရ ဖွဲ့ပါတယ်။ အမျိုးသမီးကော်မတီဝင် အနည်းဆုံး ၂ ဦး မပါမနေရ ဖွဲ့စည်းပါတယ်။ ဝမ်းတွင်းမြို့နယ်မှာ ရွာပေါင်း၂၁၈ ရွာ ရှိပါတယ်။

၂၀၁၄/၁၅ ကစပြီး အခု ၂၀၁၇/၁၈ အထိ ရွာပေါင်း ၃၅ ရွာ ထုတ်ပေးထားပြီး ဖြစ်ပါတယ်။ သိန်းပေါင်း တစ်သောင်းကျော် ထုတ်ပေးထားတယ်လို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးက ပြောပါတယ်။

မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013