
ဘုန်းမောက်အသင်းဟာ နည်းပြ အန်ဒိုနီအီရာအိုလာရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာကိုရို့စ်ကို နည်းပြသစ်အဖြစ် ၃ နှစ်စာချုပ်နဲ့ ခန့်အပ်လိုက်ပါတယ်။
စပိန်နည်းပြ အီရာအိုလာဟာ စာချုပ်သစ်အတွက် သဘောတူညီမှုမရလို့ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပြီး ၆ ရက်အတွင်းမှာပဲ မာကိုရို့စ်နဲ့ အမြန်ဆုံး အစားထိုးခဲ့တာပါ။
အသက် ၄၉ နှစ်အရွယ် ဂျာမန်နည်းပြ မာကိုရို့စ်ဟာ ဒေါ့မွန်၊ လိုက်ပ်ဇစ် စတဲ့အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးသလို ချန်ပီယံလိဂ် အတွေ့အကြုံလည်း ရှိသူဖြစ်ပါတယ်။
ဘုန်းမောက်ဟာ လက်ရှိမှာ ၁၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်တင်ထားပြီး အီရာအိုလာကတော့ ရာသီကုန်ရင် စပိန်ကလပ် အက်သလက်တစ် ဘီလ်ဘာအိုကို ပြန်လည်ကိုင်တွယ်ဖို့ ရှိနေပါတယ်။
မာကိုရို့စ်ဟာ လာမဲ့ နွေရာသီမှာမှ အသင်းကို စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။











