DVB Logo
Home
မြန်မာသတင်း
လျှပ်စစ်မီးအဆင်မပြေမှုကြောင့် ထားဝယ်တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထပ်ပြမည်
DVB
·
July 12, 2017
လျှပ်စစ်မီးအဆင်မပြေမှုကြောင့် ထားဝယ်တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထပ်ပြမည်
Donate to DVB

 

အစိုးရကရွေးချယ်ပေးထားတဲ့ ကုမ္ပဏီတွေက လျှပ်စစ်မီးပေးနေပြီး နေ့တိုင်းမီးပြတ်နေတာတွေကို မကျေနပ်လို့  တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ မြို့ခံတွေက ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြဖို့ စီစဉ်နေကြပါတယ်။

ဆန္ဒပြမယ့် အစီအစဉ်ကို ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ ဦးသန်းဝင်းက“ ဒီနေ့ည ၇ နာ၇ီမှာ ပြမှာပါ။ ဖယောင်းတိုင်တွေထွန်းပြီး မြို့ထဲကို ပတ်မယ်။ မီးပေးတဲ့ ကုမ္ပဏီတွေကလည်း တာဝန်ယူ၊ တာဝန်ခံမှုမရှိဘူး။ အစိုးရကလည်း ကြီကြပ်မှုအားနည်းတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထားဝယ်မြို့မှာ  လျှပ်စစ်ထုတ်လုပ်ဖို့ကို GGS ကုမ္ပဏီက တာဝန်ယူထားပြီး ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်က ဖြန့်ဖြူးနေတာပါ။ အခုမီးပေးနေတဲ့ ကုမ္ပဏီတွေကို အစိုးရက တင်ဒါနဲ့ ရွေးချယ်ခဲ့တာဖြစ်ပြီး လျှပ်စစ် တစ်ယူနစ်ကို ၂၁၀ ကျပ်ပေးနေကြရတာဖြစ်ပေမယ့် နေ့တိုင်းလိုလို မီးပြတ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

ထားဝယ်မြို့ခံ တစ်ယောက်ဖြစ်တဲ့ ကိုဝေယံကျော်က “တခါပြတ်ရင် ၁ နာရီ၊ ၂ နာရီလောက်ကြာတယ်။ ဟိုနေရာပြတ်လိုက်၊ ဒီနေရာ ပြတ်လိုက်နဲ့။ နေ့တိုင်းပြတ်နေတာ” လို့ ပြောပါတယ်။

ဒီလို မီးပြတ်နေတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နဲ့ ၁၁ ရက်တွေကလည်း တိုင်း အစိုးရရုံးရှေ့မှာ ကျောင်းသားနဲ့ ဒေသခံတွေက ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။

ဒါနဲ့ပတ်သက်ပြီး ထားဝယ် ဖွံ့ဖြိုးတိုးတက်မှု အများပိုင်ကုမ္ပဏီလီမိတက်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ထုတ်လုပ်တဲ့ကုမ္ပဏီက ပြတ်တာဖြစ်တဲ့အကြောင်း၊ အဲဒီအချိန်မှာ အင်ဂျင်မောင်းပြီး ပေးရင်လည်း ထားဝယ်တစ်မြို့လုံးစာတောင် မလုံလောက်ဘူးလို့ ပြန်ဖြေပါတယ်။

လက်ရှိမှာတော့ အဲဒီကုမ္ပဏီနှစ်ခုကနေ ထားဝယ်ခရိုင်မြိုနယ် လေးခုကို လျှပ်စစ် ထုတ်လုပ် ဖြန့်ဖြူးပေးနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ - ရာဇာစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013