DVB Logo
Home
မြန်မာသတင်း
အီတာလျံထိုင်းကုမ္ပဏီ ထားဝယ်တွင် ဓာတ်ငွေ့ရည်စက်ရုံဆောက်မည်
DVB
·
August 11, 2015
အီတာလျံထိုင်းကုမ္ပဏီ ထားဝယ်တွင် ဓာတ်ငွေ့ရည်စက်ရုံဆောက်မည်
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်း ပထမအဆင့်မှာပါဝင်မယ့် သဘာဝဓာတ်ငွေ့ရည် (အယ်လ်အန်ဂျီ) စက်ရုံတရုံကို အီတာလျံထိုင်းကုမ္ပဏီက စတင်တည်ဆောက်တော့မယ်လို့ Energy Business Review သတင်းမှာ ဖော်ပြပါတယ်။

အီတာလျံထိုင်းကုမ္ပဏီဟာ စီမံကိန်းပထမအဆင့်အနေနဲ့ ဓာတ်အား ၄၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့ ဓာတ်ငွေ့စက်ရုံ၊ ဆိပ်ကမ်းငယ်နဲ့ နှစ်လမ်းသွားလမ်းမ ဖောက်လုပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှု  အမေရိကန်ဒေါ်လာသန်း ၅၀၀ ကုန်ကျမယ့် အဆိုပါ ဓာတ်ငွေ့စက်ရုံကနေ သဘာဝဓာတ်ငွေ့ရည် နှစ်စဉ်တန်ချိန် ၆ သန်း ထုတ်လုပ်နိုင်မယ်လို့ အီတာလျံထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ပရမ်ချိုင် ကာနက်ဆူတာက ပြောပါတယ်။

ထိုင်း-မြန်မာနှစ်နိုင်ငံကြား ထားဝယ်အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာကို ၂၀၀၈ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး အီတာလျံထိုင်းကုမ္ပဏီက ၇၅ နှစ်လုပ်ကိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

အချိန်အတော်ကြာ ရပ်နားထားခဲ့တဲ့ ဒီစီမံကိန်းကို ဆက်လက်လုပ်ဆောင်ဖို့ ဒီနှစ် အစောပိုင်းမှာ ဂျပန်နိုင်ငံကပါ ပါဝင်လုပ်ဆောင်ဖို့ နည်းပညာနဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေပေးဖို့ သဘောတူခဲ့ကြတာပါ။

ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ ဆက်စပ်စီမံကိန်းတွေ  အကောင်အထည်ဖော်ခြင်းဆိုင်ရာ မြန်မာ-ထိုင်း ပူးတွဲလုပ်ငန်းကော်မတီ အစည်းအဝေးကို သြဂုတ် ၅ ရက်က နေပြည်တော်မှာ ကျင်းပခဲ့ပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ စီမံကိန်း အကောင်အထည်ဖော်မယ့် အဖွဲ့အစည်းတွေအကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013