
အင်္ဂလန်နောက်ခံလူ ဂျက်စပန့်စ်ဟာ ကမ္ဘာ့ဖလားပွဲမတိုင်ခင် ဂါနာကွင်းလယ်လူ သောမတ်စ် ပါတေး နဲ့ လက်ဆွဲနှုတ်ဆက်ဖို ငြင်းဆန်ခဲ့ပါတယ်။
ပါတေးဟာ မုဒိမ်းမှု ၇ မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၁ မှု စွပ်စွဲခံထားရသူ ဖြစ်ပါတယ်။ ဒီဖြစ်ရပ် ကို ကင်မရာတွေက ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲရိုက်ကူးခဲ့တာကြောင့် ပရိသတ်တွေကြားမှာ ဝေဖန်မှု တွေ ထွက်ပေါ်လာပါတယ်။
အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ ဂျက်စပန့်စ်ကတော့ အင်္ဂလန်အတွက် ပထမဆုံး မွတ်စလင် ကစားသမားပါ။
သူဟာ လက်ဆွဲနှုတ်ဆက်ဖို့ လက်ကမ်းလိုက်ရာကနေ ပြန်ရုပ်သိမ်းသွားပုံရပါတယ်။ ပါတေးက လည်း သူ့ကို ပြန်လှည့်ကြည့်ခဲ့တာပါ။
ပါတေးဟာ ကနေဒါဗီဇာမရလို ဂါနာရဲ့ ပထမဆုံးပွဲကို လွဲချော်ခဲ့ရပါတယ်။ လာမဲ့နှစ်မှာ တရားရုံး ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ပရိသတ်တွေကတော့ ပါတေးနဲ့ အင်္ဂလန်ကစားသမားတွေ လက်ဆွဲနှုတ်ဆက်တာကို ကင်မရာတွေ က ရည်ရွယ်ချက်ရှိရှိ ရှောင်လွှဲရိုက်ကူးခဲ့တာကို အံ့သြခဲ့ကြပါတယ်။
Photo:Reuters










