
အာဆင်နယ်ကွင်းလယ်လူ သောမက်စ်ပါတေးဟာ လာမယ့် ဒီဇင်ဘာလဆန်းအထိ ကစားနိုင်ဦးမှာ မဟုတ်ကြောင်း ESPN သတင်းမှာ ဖော်ပြပါတယ်။
ပါတေးဟာ အောက်တိုဘာလဆန်းက မန်စီးတီးကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဉ်မှာ ကြွက်သားဒဏ်ရာရရှိခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်အထိ အနားယူနေရတာပါ။
နည်းပြအာတေတာကတော့ ပါတေးရဲ့ ဒဏ်ရာပြဿနာက ကြီးမားတဲ့ကိစ္စဖြစ်နေပြီး ရက်သတ္တပတ်လောက် အနားယူဖို့လိုအပ်ကြောင်း မီဒီယာတွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ရာသီက အခြေအနေတွေကို ကြည့်မယ်ဆိုရင် ဒဏ်ရာပြဿနာတွေက အသင်းကို ထိခိုက်စေခဲ့တာကို နားလည်သိမြင်ပြီး အခုနှစ်ရာသီမှာ အလားတူဖြစ်ရပ်တွေကို ထပ်မဖြစ်ဖို့လို အပ်ကြောင်းလည်း အာတေတာက ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ကြားရက်မှာ လိဂ်ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ အဲဒီပွဲမှာ အသင်းခေါင်းဆောင် အိုဒီဂတ် ပါဝင်ဖို့မရှိသလို တိုက်စစ်မှူးဂျေဇုလည်း လွဲချော်မှာ ဖြစ်ပါတယ်။
Photo - Reuters










