DVB Logo
Home
မြန်မာသတင်း
ဖြူးဆေးရုံတာဝန်ကျဆရာဝန်ကို ထိုးကြိတ်ခဲ့သည့် အရပ်သား ၂ ဦး အဖမ်းခံရ
DVB
·
June 28, 2017
ဖြူးဆေးရုံတာဝန်ကျဆရာဝန်ကို ထိုးကြိတ်ခဲ့သည့် အရပ်သား ၂ ဦး အဖမ်းခံရ
Donate to DVB

ဖြူးမြို့ ပြည်သူဆေးရုံကြီးအရေးပေါ်လူနာဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ လ/ထ ဆရာဝန်တဦးကို အရပ်သားနှစ်ဦးက ဇွန်လ ၂၇ ရက်နေ့ ည ၁၀ နာရီက ၀ိုင်းဝန်း ထိုးကြိတ်ခဲ့တဲ့အတွက် ဖမ်းဆီးထားတယ်လို့ ဖြူးမြို့မ ရဲတပ်ဖွဲစခန်းက ပြောပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက တာဝန်ရှိသူ တဦးက “ဟုတ်ပါတယ်ဗျ။ ကျနော်အမှုဖွင့်ထား ပါတယ်။ အဓိကကတော့ ဆရာဝန်က လူနာတွေများတဲ့ အခါကျတော့ ရှေ့မှာအရေးကြီးတဲ့ လူနာတွေပေါ့နော်။ အသက်ကယ်ရမယ့်လူနာတွေပေါ့။ လူနာတွေအများကြီး တန်းစီနေတာပေါ့။ ဒါပေမယ့် လောလောဆယ် အသက်ပေးရမယ့် လူမျိုးတွေကို ကုနေတာပေါ့။ အဲဒီမှာ သူ့အမေ နာရီဝက်လောက်ကြာအောင် စောင့်ရတာကို နာရီဝက်ကြာပြီဘာလို့ မကြည့်ပေးတာလဲဆိုတော့ ဆရာဝန်က ဒီမှာခင်များတို့ထက် အရေးကြီးတဲ့ လူနာရှိနေလို့ပါလို့ပြောတာကို မကျေမနပ်ဖြစ်ပြီး မင်းကဘာလဲ သတ်ပြစ်ကွာဆိုပြီး ဝိုင်းထိုးကြိတ်ပြီး ကြိမ်းမောင်းတော့ ဆရာဝန်မှာ မျက်နှာ/နဖူး/ခေါင်းတို့မှာ ဖူးယောင်ဒဏ်ရာတွေ ရတယ်ပေါ့ဗျာ။ အဲဒါကြောင့် အမှုဖွင့်တယ်။ လောလောဆယ်တော့ နှစ်ယောက်ဖမ်းထားတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုးရတဲ့အကြောင်းမှာ ဆရာဝန်က သူတို့ရဲ့အမေ သွေးတိုးဝေဒနာရှင်လူနာကို ကြည်ရှု့ စစ်ဆေးဖို့ ကြန့်ကြာတာကို မကျေနပ်လို့ သားတွေဖြစ်တဲ့ ရဲအောင်နဲ့ မောင်မောင်တာတို့ ညီအကိုနှစ်ဦးက ဆဲဆို/ကြိမ်းမောင်းပြီး ဆရာဝန်ကို ထိုးကြိတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းက ရဲအောင်နဲ့ မောင်မောင်တာတို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ-၃၃၂/၂၉၄/၅၀၆/၁၁၄ အရအမှုဖွင့်ပြီး ဖမ်းဆီးထားကြောင်း ဖြူးမြို့မ ရဲတပ်ဖွဲ့စခန်းက သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013