DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် အလုပ်သမားမှ ဆိုင်ရှင်ကိုဓားဖြင့်ခုတ်၊ ၂ ဦးဒဏ်ရာရ
DVB
·
June 5, 2017
နမ့်ခမ်းတွင် အလုပ်သမားမှ ဆိုင်ရှင်ကိုဓားဖြင့်ခုတ်၊ ၂ ဦးဒဏ်ရာရ
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ ဟိုနောင်ရပ်ကွက်ထဲမှာ ဒီကနေ့ နေ့လယ်ပိုင်းက ဆိုင်ရှင်နဲ့အလုပ်သမား အချင်းများပြီး အလုပ်သမားမှ ဓားနဲ့ ခုတ်လိုက်တဲ့အတွက် ဆိုင်ရှင်အမျိုး သမီးနဲ့ သမီးဖြစ်သူတို့  ဒဏ်ရာအသီးသီးရသွားပါတယ်။

အိမ်ဆောက်ပရိဘောဂရောင်းတဲ့ ကုန်မာဆိုင်တဆိုင်မှာ အလုပ်လုပ်နေသူ ကိုသိန်းထွန်းအောင် (အသက် ၂၀ ကျော်) ဆိုသူမှာ ဆိုင်က ပစ္စည်းတွေ ခိုးယူနေတယ်လို့ အလုပ်ရှင်က ပြောပြီး လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အလုပ်ဖြုတ်ခဲ့ကြောင်း၊ ဒီကြားထဲမှာ သူက ဆိုင်ကိုရောက်လာပြီး ငွေတောင်းခံတာတွေရှိတဲ့အတွက် ဒီကနေ့မှာတော့ ဓားခုတ်မှုဖြစ်ပွားတဲ့အထိ ဖြစ်သွားတယ်လို့ နမ့်ခမ်းဒေသခံ စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။

“သူတို့အိမ်မှာ ဆိုင်ကယ်ပျောက်တာ၊ တယ်လီဖုန်းပျောက်တာ၊ ပိုက်ဆံပျောက်တာတွေ ရှိခဲ့ပြီး ပြန်ပြီးစစ်ဆေးတဲ့အခါကျတော့ အဲဒီအလုပ်သမားက ခိုးတာသိရတယ်လို့ြေ့ပာတယ်။ ဒါနဲ့ သူ့ကို အလုပ်ကနေ ဖြုတ်လိုက်တယ်တဲ့၊ အလုပ်ဖြုတ်တော့ သူကဆိုင်ရှင်ဆီ ပိုက်ဆံလာတောင်း တာ တွေ ရှိတယ်။ ဘာအတွက်လဲတော့ ကျနော်တို့ မသိရဘူး။ ဒီနေ့လည်း ပိုက်ဆံတောင်းတာ မပေး လို့ သူ့ဆိုင်ရှင်နဲ့ သမီးကို ဓားနဲ့ခုတ်တယ်။ သူ့သမီးက ဆိုင်ပြင်ထွက်ပြေးပြီး လူတွေကို လှမ်းအော်ပြီး အကူအညီတောင်းတယ်။၊ သူ့အမေကတော့ မပြေးနိုင်ဘဲ အခုတ်ခံလိုက်ရတယ်။ ပခုံးမှာရော၊ လက်မှာရော၊ လက်ချောင်းလည်းဖြတ်သွားတယ်လို့ ပြောတယ်။ ကျနော်ဆေးရုံကို သွားကြည့်တော့ ဆရာဝန်တွေ စစ်ဆေးနေလို့ ဒဏ်ရာအသေးစိပ် မသိရဘူး။ အခုသားအမိ ၂ ယောက်လုံး နမ့်ခမ်းဆေးရုံမှာ၊ သွေးသွင်းဖို့ အရေးတကြီးလိုအပ်နေပြီး မူဆယ်ဆေးရုံကို ထပ်လွဲမယ်လို့လည်း ပြောနေတယ်။”  

ဓားနဲ့ခုတ်တဲ့ အလုပ်သမား သိန်းထွန်းအောင်မှာ လူတွေရောက်လာတော့ ခြံစည်းရိုးကို ခုန်ကျော်ထွက်ပြေးသွားကြောင်း၊ သူ့ကို ရဲတွေက လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ စိုင်းထွန်းလှိုင် က ဆက်လက်ပြောပါတယ်။    

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013