DVB Logo
Home
မြန်မာသတင်း
အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ဆက်မဆွေးနွေးဘဲရပ်ဆိုင်းတာ- ခွန်မြင့်ထွန်း (ရုပ်သံ) ဒီဗွီဘီ
DVB
·
May 28, 2017
အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ဆက်မဆွေးနွေးဘဲရပ်ဆိုင်းတာ- ခွန်မြင့်ထွန်း (ရုပ်သံ)  ဒီဗွီဘီ
Donate to DVB

 

ခွဲမထွက်ရဆိုတဲ့ စကားရပ်ကိုလက်ခံပေးလိုက်ရင် တိုင်းရင်းသားတွေရဲ့ သိက္ခာကို အနည်းနဲ့အများထိပါးတာတွေ ခံစားရတာကြောင့်   အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ ဆက်လက်မဆွေးနွေးပဲ  အစည်းအဝေး ရပ်ဆိုင်းရတာလို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ ၂၁ရာစု ပင်လုံညီလာခံဒုတိယအကြိမ်အစည်းအဝေး ပဉ္စမနေ့ UPDJC အစည်းအဝေးမှာ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်အပေါ်  သဘောတူညီချက် မရခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့  တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့ဘက်က UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။

ပြောကြားချက်အပြည့်အစုံ

“ပေါင်းစည်းရေးဆိုရင်တော့ ခွဲမထွက်ဘူးဆိုတဲ့ဟာကို ပြောရမှာ ခက်ခဲမှာမဟုတ်ဘူးလို့ ဒါ တဖက်က မြင်တာပေါ့လေ၊ အစိုးရဘက်က တပ်မတော်ဘက်က။ ကျတော်တို့ တိုင်းရင်းသားတွေ ကျတော့ ခွဲထွက်ဖို့ဆိုတဲ့ဟာ ကျနော်တို့က ဘယ်တုန်းကမှ ပြောခဲ့တာမရှိဘူး။ ဘယ်တုန်းကမှလဲ လုပ်ခဲ့တာမရှိဘူး။ လုပ်ခဲ့တာ၊ ပြုခဲ့တာမရှိတော့ ဒီစာသားကို ထည့်တာကတော့ ကျနော်တို့ အမြင်မှာ ထည့်စရာမလိုဘူးလို့ မြင်တယ်။ ခံစားပုံခံစားချက်ချင်း မတူကြတာ။ ဒါကြောင့် ကျနော်တို့က တသက်လုံးမခွဲဘူးလို့ ပြောတာထက် တသက်လုံး အတူပေါင်းမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့စကားကို ကျနော်တို့ ဆက်လက်ရှာဖွေဖို့ လိုပါတယ်။ မခွဲတာက အတူတူပဲ။ ခွဲမထွက်ရဆိုတဲ့စကားမျိုးကို ကျနော်တို့က လက်ခံပေးလိုက်ရင် ကျနော်တို့မှာ မိမိတို့ရဲ့ သက်ဆိုင်ရာ သမိုင်းကြောင်းနဲ့ တိုင်းရင်းသားများရဲ့ သမိုင်းကြောင်းရှိတယ်၊ ပင်လုံရဲ့ သမိုင်းကြောင်းရှိတယ်။ အဲသမိုင်းကြောင်းမှာ ကျနော်တို့ မိမိတို့ရဲ့သိက္ခာကို အနည်းနဲ့အများ ထိပါးတာတွေ ခံစားရတာတွေ ရှိတယ်။ အဲဒါကြောင့် အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့အတွက် ဆက်လက်မဆွေးနွေးပဲ ရပ်ဆိုင်းရတာဖြစ်ပါတယ်။”

“ပြည်ထောင်စုက ခွဲမထွက်ဖူးဆိုတာကို အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ကျနော်တို့ ပအိုဝ့်လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲမှာ ခွဲမထွက်ဘူးဆိုတဲ့ဟာကို အာမခံချက် တစ်ရပ်အနေနဲ့ ကျနော်တို့ သဘောတူခဲ့တာဖြစ်ပါတယ်။ ထိုနည်းတူပဲ အချို့သော ပြည်နယ်တိုင်းကလည်းဘဲ ပဲခူးတို့၊ တနင်္သာရီတို့ကလည်း ခွဲမထွက်ဘူးဆိုတဲ့ စကားရပ်ကို သူတို့လက်ခံပါတယ်၊ သို့သော် ကျနော်တို့ အားလုံး ပြန်ပြီးညိနှိုင်းတဲ့အခါမှာကျတော့ ခွဲမထွက်ကြဘူးဆိုတဲ့ဟာကို  အာမခံချက်ပေးဖို့လိုတယ်၊ သို့သော်   စကားလုံးအရတော့ အားလုံးလက်ခံနိုင်မယ့်၊ အားလုံးကျေနပ်နိုင်မယ့် သိက္ခာရှိမယ့် စကားရပ်ကို ရွေးချယ်ဖို့ လိုပါတယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013