DVB Logo
Home
မြန်မာသတင်း
ခွဲထွက်ခွင့်မရှိရ စကားလုံးအပေါ် ၂၁ရာစု ပင်လုံညီလာခံတွင် သဘာတူညီမှုရနိုင်ဖွယ်ရှိ
DVB
·
May 28, 2017
ခွဲထွက်ခွင့်မရှိရ စကားလုံးအပေါ် ၂၁ရာစု ပင်လုံညီလာခံတွင် သဘာတူညီမှုရနိုင်ဖွယ်ရှိ
Donate to DVB

 

ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ အငြင်းပွားနေတဲ့ ခွဲထွက်ခွင့်မရှိရဆိုတဲ့ စကားလုံးနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ သဘောတူညီမှုရရှိနိုင်တဲ့ အခြေအနေမှာရှိတယ်လို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

လက်ရှိနေပြည်တော်မှာ ကျင်းပနေတဲ့ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံမှာ ကဏ္ဍငါးခုကို အစုအဖွဲ့အလိုက် ဆွေးနွေးသဘောတူညီချက်တွေထဲက ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်ကြောင့် မနေ့က  UPDJC အစည်းအဝေးကို ရွှေ့ဆိုင်းပြီး ညနေပိုင်းကနေ ည ၇ နာရီခန့်အထိ နိုင်ငံရေးဆွေးနွေးမှု ဦးဆောင်အဖွဲ့တွေ ညှိနှိုင်းနေကြတာဖြစ်တယ်ပါတယ်။

အဓိက ခွဲထွက်ပိုင်ခွင့်မရှိရဆိုတဲ့ စကားလုံးနဲ့ပတ်သက်ရင် ဒီစကားလုံးအပေါ်မှာ ဘယ်လို နှစ်ဖက်သဘောတူညီချက်ရအောင် ကြိုးစားမလဲဆိုတာကို ဆွေးနွေးညှိနှိုင်းကြတာလို့ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

“ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားနဲ့ပတ်သက်လို့ တိုင်းရင်းသား အားလုံးကတော့ NCA ကို လက်မှတ်ရေးထိုးစဉ်က ဒို့တာဝန်အရေးသုံးပါးကို လက်ခံပြီး လက်မှတ်ရေးထိုးခဲ့ပြီးသား ဖြစ်ပါတယ်။ နောက်ပြည်ထောင်စုမပြိုကွဲရေးဆိုတဲ့အချက်ကို လက်ခံခဲ့တာကိုက ခွဲမထွက်ဘူး ဆိုတာကို ပြောရာရောက်တယ်။ဒါကြောင့် ခွဲထွက်ခွင့်မရှိရဘူးဆိုတဲ့ စကားထပ်ပြောစရာ မလိုဆိုတဲ့ အယူအဆမှာလည်း ရှိပါတယ်။ တစ်ဖက်ကလည်း အထူးသဖြင့် တပ်မတော်ဘက် ကလည်းပဲ ဖက်ဒရယ်စနစ်ကို လက်ခံတယ်ဆိုရင် ဖက်ဒရယ်ဆိုတာ ပေါင်းစည်းရေးဖြစ်တယ်ဆို လို့ရှိရင် ခွဲထွက်ခွင့်မရှိစေရ ဆိုတဲ့ စကားကို ပြောတာ ဘာမှအခက်အခဲမရှိဘူးပေါ့၊ ဒီအပြင် ဒါကို အဓိက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကျနော်တို့တွေက ပြည်ထောင်စုထဲက ခွဲထွက်ဖို့ဆိုတာ ဒီကာလမှာ ဘယ်သူမှလည်း ပြောတာမရှိသလို ဒို့တာဝန်အရေးသုံးပါးမှာပါတဲ့ ပြည်ထောင်စု မပြိုကွဲရေးဆိုတဲ့အချက်ကို လက်ခံထားပြီးသားဖြစ်တယ်။”လို့ပြောပါတယ်။

အပြန်အလှန် ဆွေးနွေးမှုတွေဟာ အပြုသဘောဆောင်တယ်လို့လည်း ခွန်မြင့်ထွန်းက ပြောပါတယ်။

“တသက်လုံးမခွဲဘူးလို့ ပြောတာနဲ့ တသက်လုံးအတူပေါင်းမယ်ဆို ဒါအတူတူဖြစ်တယ်။ positeve အနေနဲ့ စကားရပ်ကို ဘယ်လိုပြောမလည်းဆိုတဲ့ဟာကို ဘယ်လိုပေါင်းမယ်ဆိုတဲ့ ဟာကို ပြောဖို့အတွက် စကားလုံးတွေကို အပြန်အလှန်ညှိနေတာ ဖြစ်ပါတယ်။ ဒီနေ့ ဆွေးနွေး ညှိနှိုင်းချက်တွေအရတော့ နှစ်ဖက်သဘောတူညီချက်ရနိုင်မယ့် အခြေအနေမျိုးပါ။ တော်တော်လေးကို ရာခိုင်နှုန်းအားဖြင့် ကောင်းနေပါပြီ”

ဒီအချက်ကို ဒီကနေ့  ပြုလုပ်မယ့် UPDJC အစည်းအဝေးမှာ ဆွေးနွေးဆုံးဖြတ်ပြီး ၂၉ ရက်နေ့ ပင်လုံညီလာခံနောက်ဆုံးနေ့မှာ အတည်ပြုချက်ရယူမှာဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013