DVB Logo
Home
မြန်မာသတင်း
ကမ်းခြေအပန်းဖြေနေသူများ သတိထားရန် လူကယ်ပြန် ကြေညာ
DVB
·
April 15, 2017
ကမ်းခြေအပန်းဖြေနေသူများ သတိထားရန် လူကယ်ပြန် ကြေညာ
Donate to DVB

မုန်တိုင်းရှိတာကြောင့် ကမ်းခြေမှာ အပန်းဖြေနေသူတွေ သတိပြုနေထိုင်ကြဖို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက နှိုးဆော်အသိပေး လိုက်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းကြောင့် ကြိုတင်ပြင်ဆင်ကြဖို့ ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အခုလို သတိပေးလိုက်တာဖြစ်ပြီး တောင်ကျချောင်းတွေအနားနဲ့ ကမ်းခြေအပန်းအဖြေနေသူတွေ သတိထားဖို့ အထူး ဖော်ပြထားပါတယ်။

“ရခိုင်နှင့်မြစ်ဝကျွန်းပေါ်ဒေသတွင် လှိုင်းအသင့်အတင့်မှလှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၁၀-၁၅ ပေခန့် မြင့်တက်နိုင်ကြောင်းသိရှိရသည့်အတွက် ကမ်းခြေများတွင် ရောက်ရှိအပန်းဖြေနေသူများ သတိပြုနေထိုင်ပါ။

မုန်တိုင်းငယ်၏အရှိန်ကြောင့် ကုန်းတွင်းပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းရာမှတစ်ဆင့် ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်း အထူးသတိထားပါ။

တောင်ကျချောင်းများတွင် ရုတ်တရက် လျှပ်တပြက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် တောင်ကျ ချောင်းများ အနီးနေထိုင်သူများ၊ အပန်းဖြေရောက်ရှိနေသူများ အထူးသတိထား နေထိုင်ပါ။”လို့ လူကယ်ပြန်ဌာနက သတိပေးထားပါတယ်။

ဒါ့အပြင် လက်နှိပ်ဓာတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားဖို့၊ လက်ကိုင်ဖုန်းများကို အားသွင်းထားဖို့၊ လှေများ၊ အသက်ကယ်ဘောကွင်းများ၊ Life Jacket များနှင့် ရေလုံတဲ့ ပလပ်စတစ်ပုံးများ ဆောင်ထားဖို့၊ မုန်တိုင်းဖြစ်ပေါ်နေချိန်မှာ ခိုင်ခံ့လုံခြုံတဲ့ အဆောက်အဦ၊ အမိုးအကာအောက်မှာ နေထိုင်ကြဖို့လည်း အသိပေး နှိုးဆော်ထားပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ (၂၄) နာရီဖွင့်လှစ်ထားတဲ့ Call Centre ဖုန်းနံပတ် ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇ တို့သိုလည့်း အချိန်မရွေး ဆက်သွယ်အကူအညီ တောင်းနိုင်တယ်လို့ ဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013