DVB Logo
Home
မြန်မာသတင်း
သီးနှံဈေးကွက်သစ်ရှာဖွေရေး ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားကူးသန်းတို့ ပူးပေါင်းလုပ်ဆောင်မည်
DVB
·
March 23, 2017
သီးနှံဈေးကွက်သစ်ရှာဖွေရေး ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားကူးသန်းတို့ ပူးပေါင်းလုပ်ဆောင်မည်
Donate to DVB

 

သီးနှံဈေးကွက်သစ်ရှာဖွေရေးကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စီးပွား ကူးသန်းတို့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့်ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

မြန်မာ့လယ်ယာထွက်သီးနှံဈေးကွက်အနေနဲ့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ ဈေးကွက်ဝယ်ယူမှု အပေါ် မှီခိုနေရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလည်းတွေနဲ့ ဈေးနှိမ်ဝယ်ယူတက်တဲ့ တရုတ်နဲ့ အိန္ဒိယကုန်သည်တွေကြောင့် မြန်မာကုန်သည်တွေနဲ့ တောင်သူတွေအနေနဲ့ သီးနှံပေါ်ချိန်မှာ ဈေးနှုန်းနိမ့်ကြပြီး နှစ်စဉ်နီးပါး အရှုံးပေါ်နေရတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

အဲဒီအတွက် တရုတ်နဲ့ အိန္ဒိယနိုင်ငံအပေါ် မှီခိုနေရမှုတဲ့ အခြေအနေကို လျော့ချနိုင်ဖို့အတွက် အခြား ဥရောပနိုင်ငံတွေကိုပါ မြန်မာ့လယ်ယာထွက် သီးနှံတွေ တင်ပို့ရောင်းချနိုင်ဖို့ ဈေးကွက် အသစ်တွေ ရှာဖွေနိုင်ဖို့ လိုအပ်နေပြီလို့လည်း ဆိုပါတယ်။

အဲဒီအတွက် မြန်မာ့လယ်ယာထွက်သီနှံတွေ တင်ပို့ရောင်းချနိုင်မယ့် သီးနှံဈေးကွက်သစ်ရှာဖွေရေး လုပ်ငန်းတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

“ဈေးကွက်ထိုးဖောက်တာကတော့ မိမိတို့ ဝန်ကြီးဌာနနဲ့ အဓိက သတ်ဆိုင်တာမဟုတ်ဘူးပေါ့။ စီးပွားကူးသန်း ဝန်ကြီးဌာနက အဓိက ဈေးကွက်ထိုးဖောက်ဖို့ ကြိုးစားပါတယ်။ အခု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်”လို့ လယ်ယာစိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောပါတယ်။

မြန်မာ့လယ်ယာထွက် သီးနှံတွေကို အနောက်ဥရောပနိုင်ငံတွေမှာ တင်ပို့ရောင်းချမယ်ဆိုပါက မြန်မာ့ လယ်ယာထွက် သီးနှံတွေကို အရည်သွေးပြည့်မှီတဲ့သီးနှံတွေအဖြစ် ထုတ်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။

မြန်မာ့လယ်ယာထွက်သီးနှံတွေ အရည်သွေးပြည့်မှီအောင် ထုတ်လုပ်နိုင်ဖို့အတွက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာနအနေနဲ့ ဂျပန်နိုင်ငံရဲ့ ငွေကြေးနဲ့ နည်းပညာအကူညီကို ရယူပြီး ငါးနှစ်စီမံကိန်းသတ်မှတ် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု ဝန်ကြီး ဒေါတ်တာအောင်သူက ပြောပါတယ်။

“ဂျပန်နိုင်ငံနဲ့ ပူးပေါင်းပြီးတော့ ငါးနှစ်တာ လုပ်မယ့် မူဝါဒရေးပြီးပါပြီ။ အဲဒါကတော့ ထွက်တဲ့ ပစ္စည်းတွေကို အရည်သွေးပြည့်မှီတဲ့ ပစ္စည်းတွေအဖြစ်လုပ်ဖို့ ရေးဆွဲဖို့ပါ။ ဂျပန်နိုင်ငံ ကူညီတဲ့ ငွေကြေး အပေါ် ဆောင်ရွက်သွားမှာပါ။ ဆိုလိုတာက မနှစ်က ကြုံလိုက်ရတယ်။ ပြောင်းတွေ ထွက်တယ် ပြောင်းဈေးတွေကြတယ်။ တို့မှာ အရည်သွေးပြည့်မှီတဲ့ ပစ္စည်းတွေမရှိဘူး။ ပြည်တွင်းမှာ ထွက်တဲ့ ကုန်ကြမ်းကနေ ကုန်ခြောဖြစ်အောင် ပစ္စည်း ၂၇ မျိုးလောက်ကို လုပ်တဲ့နည်းကို ဂျပန် ပညာရှင် ၃ ဦးနဲ့ ပေါင်းပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းကနေ ဆောင်ရွက်ပြီးသွားပြီ။ ဝန်ကြီးဌာနကတော့ အခုလက်ရှိလုပ်နေတာကတော့ ထုတ်လုပ်မှုကုန်ကြစရိတ်လျော့နည်းအောင်လုပ်တဲ့ လုပ်ငန်းရယ်၊ အထွက်နှုန်းမြင့်မားအောင်လုပ်တဲ့ လုပ်ငန်းရယ်၊ အရည်သွေးပြည့်မှီအောင်ထုတ်လုပ်တဲ့ လုပ်ငန်းရယ် ကို အဓိကထားပြီးလုပ်နေပါတယ်”လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ သီးနှံအရည်အသွေးပြည့်မှီဖို့နဲ့ အထွက်နှုန်းတိုးအောင် လုပ်ဆောင်မယ် ဆိုပါက နည်ပညာနဲ့ ချေးငွေထုတ်ပေးတာတွေအပြင် စိုက်ပျိုးရေးသုံး စက်ပစ္စည်းတွေ၊ သီးနှံမျိုးစေ့တွေ၊ ဆေးဝါးနဲ့ ဓာတ်မြေသြဇာတွေကို ပြင်ပပေါက်ဈေးထက် လျော့ချပြီး သီးနှံပေါ်ပေးစနစ်နဲ့ ရောင်းချပေးဖို့ လိုအပ်တယ်လို့ တောင်သူတွေက ဆိုပါတယ်။

“ဈေးကွက်ကို တည်ငြိမ်အောင်ထိန်းပေးနိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ အဲလိုမလုပ်နိုင်သေးရင် လည်း အထွက်နှုန်ကောင်အောင် မျိုးကောင်းမျိုးသန့်တွေ၊ မြေသြဇာတွေ၊ ပိုးသက်ဆေးတွေကို အစိုးရအရောင်းဆိုင် ဖွင့်ပြီးတော့ အပြင်ထက်ဈေးလျော့ပြီး အကြွေးစနစ်နဲ့ရောင်းပေးစေချင်တယ်။ အဲလိုပဲ လယ်ယာသုံး စက်ပစ္စည်းတွေကိုလည်း ရောင်းပေးစေချင်တယ်။ သီးနှံပေါ်ရင်ဆက်မှာပေါ့”လို့ တောင်သူဦးရွှေရိုးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ နည်းပညာလိုအပ်ချက်တွေကြောင့် မြန်မာ့လယ်ယာထွက်သီးနှံတွေဟာ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချဖို့အထိ အရည်သွေးပြည့်မှီအောင် ထုတ်လုပ်နိုင်ခြင်း မရှိသေး ပါဘူး။

ဒါ့အပြင် ရာသီဥတု ဖောတ်ပြန်မှုတွေကြောင့် သီးနှံအထွက်နှံးနဲပါးနေတဲ့အပြင် သီးနှံဖျက်ပိုး အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတွေလည်း ရှိနေပါတယ်။

လက်ရှိ သီးနှံပေါက်ဈေးတွေဟာဆိုရင် ယခင်နှစ်ထက် ဈေးနှုန်းနိမ့်ကြနေတဲ့အတွက် တောင်သူတွေ အနေနဲ့ အရှုံးပေါ်မယ့်အခြေအနေအပေါ် စိုးရိမ်ပူပန်မှုတွေလည်း ရှိနေကြပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013