DVB Logo
Home
မြန်မာသတင်း
ဆေးယဉ်တီဘီလူနာများ ဆက်လက်တွေ့ရှိနေပြီး ကုသရန် ဆေးဝါးလိုအပ်နေ
DVB
·
March 23, 2017
ဆေးယဉ်တီဘီလူနာများ ဆက်လက်တွေ့ရှိနေပြီး ကုသရန် ဆေးဝါးလိုအပ်နေ
Donate to DVB

 

မြန်မာနိုင်ငံမှာ ဆေးယဉ်တီဘီလူနာတွေ ဆက်တွေ့နေပြီး ကုသနိုင်မယ့်ဆေးဝါးရှိနေပေမယ့် လုံလောက်အောင် မရသေးပါဘူး။

နယ်စည်းမထားဆရာဝန်များအဖွဲ့က ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့အတွက် ထုတ်ပြန်ချက်မှာ ဖော်ပြထား တာပါ။

“အခုဆိုရင် ကျွန်တော်တို့ ပြင်းထန်ဆေးယဉ်တီဘီရောဂါတွေကို ပိုပိုပြီး စမ်းသပ်ရှာဖွေ တွေ့ရှိနေ ပါတယ်။ အဲဒီလူနာတွေအတွက် တီဘီဆေးဝါးအသစ်တွေ တကယ့်ကို လိုအပ်နေပါတယ်။ တီဘီ ဆေးဝါးအသစ်တွေဟာ မျှော်လင့်ချက်တွေကို ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဒါပေမယ့် လူနာ တော်တော်များများကိုတော့ မကုသပေး နိုင်သေးပါဘူး”လို့ မြန်မာနိုင်ငံဆိုင်ရာ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ကျန်းမာရေးဆိုင်ရာ ညွှန်ကြားရေးမှူး Khachatur Malakyan က ပြောပါတယ်။

လက်ရှိ ကမ္ဘာတစ်ဝန်းမှာ ဆေးယဉ်ပါးတီဘီလူနာတွေရဲ့ ၂ ရာခိုင်နှုန်းကိုပဲ  တီဘီဆေးဝါး အသစ်တွေနဲ့ ကုသနိုင်သေးတာပါ။

တီဘီရောဂါဟာ အိတ်ခ်ျအိုင်ဗွီ လူနာတွေအတွက် အသက်ဆုံးရှုံနိုင်တဲ့ အဓိက ရောဂါတစ်ခု ဖြစ်ပါတယ်။

အဲဒါကြောင့် နယ်စည်းမထားဆရာဝန်များအဖွဲ့က အိတ်ခ်ျအိုင်ဗွီရောဂါ ကုသမှုစီမံကိန်းတွေမှာ တီဘီရောဂါ ကုသတာကိုလည်း ထည့်သွင်းထားပြီး လက်ရှိမှာတော့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တနင်္သာရီတိုင်း ဒေသကြီးက အိတ်ခ်ျအိုင်ဗွီလူနာတွေအတွက် အခမဲ့ တီဘီရောဂါရှာဖွေ စမ်းသပ်မှု၊ ကုသမှုနဲ့ နှစ်သိမ့် ဆွေးနွေးတာကို ဆောင်ရွက်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာတော့ နယ်စည်းမထားဆရာဝန်များအဖွဲ့က ဆေးခန်းနှစ်ခုနဲ့ အိတ်ခ်ျအိုင်ဗွီ၊ တီဘီနဲ့ ဆေးယဉ်ပါးတီဘီလူနာပေါင်း ၁၆,၈၆၉ ယောက်ကို ကုသပေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

ကမ္ဘာမှာ နှစ်စဉ် တီဘီရောဂါသည်အသစ် ၉.၄ သန်းလောက် ဖြစ်ပွားနေပြီး လူဦးရေ ၁.၇ သန်းလောက် သေဆုံးနေပါတယ်။ ဒါဟာတရက်မှာ လူ ၄၅၀၀ လောက် သေဆုံးနေတာပါ။

တီဘီရောဂါဖြစ်ပွားမှုရဲ့ ၈၅ ရာခိုင်နှုန်းဟာ အာရှနဲ့ အာဖရိကနိုင်ငံတွေက ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း  တီဘီရောဂါနဲ့ ဆေးယဉ်ပါးတီဘီရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားပါတယ်။

ဓာတ်ပုံ - MSF

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013