DVB Logo
Home
မြန်မာသတင်း
ကိုဆွေဝင်းကို တရားလိုပြောင်းပြီး တရားစွဲမည်ဟု မဘသအဖွဲ့ဝင်ပြော
DVB
·
March 10, 2017
ကိုဆွေဝင်းကို တရားလိုပြောင်းပြီး တရားစွဲမည်ဟု မဘသအဖွဲ့ဝင်ပြော
Donate to DVB

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို တရားစွဲထားတဲ့အမှု ပိတ်သိမ်းဖြစ်မယ်ဆိုရင် နောက်အဖွဲ့စည်း သို့မဟုတ် ပုဂ္ဂိုလ်တဦးတယောက်က ပြန်တရားစွဲသွားဖို့ရှိတယ်လို့ ဦးကျော်မျိုးရွှေ က ပြောပါတယ်။

Myanmar Now အယ်ဒီတာချုပ်ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆(ဃ)နဲ့ တရာစွဲ အရေးယူပေးဖို့ ဦးကျော်မျိုးရွှေက အမှုဖွင့်တိုင်ကြားတာကို ပြန်လည်ရုပ်သိမ်းမယ်လို့ပြောပါတယ်။

ဦးကျော်မျိုးရွှေဟာ သူ့ရဲ့ မိခင်က သူ့အတွက် စိုးရိမ်လို့ အမှုရုပ်သိမ်းဖို့ ပြင်ဆင်တာလို့ပြောပါတယ်။ သူတကယ် ရုပ်သိမ်းမယ်ဆိုရင်တော့ တခြားအမျိုးသားရေးအဖွဲ့အစည်း (ဒါမှမဟုတ်) လူပုဂ္ဂိုလ် တယောက်အနေနဲ့ ကိုဆွေဝင်းကို တရားစွဲဆိုဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးကျော်မျိုးရွှေ က ဒီဗွီဘီကိုပြောပါတယ်။

“ရုပ်သိမ်းဖို့ မဟုတ်သေးဘူး။ ကျနော်အမေရဲ့ ဆန္ဒကိုလိုက်လျောပြီး ရုပ်သိမ်းဖို့ စဉ်းစားတဲ့ အဆင့်ဘဲ ရှိသေးတယ်။ လုံးဝရုပ်သိမ်းဖို့တော့ မဟုတ်သေးဘူးပေါ့။ ကျနော်အမေကို ကျနော်လုပ်တဲ့ အလုပ် သည် အမျိုးဘာသာ သာသနာအတွက် လုပ်သင့်လုပ်ထိုက်လို့လုပ်တာ ဒီအတွက် အမေ သာဓု ခေါ်ပါ ဂုဏ်ယူပါ။ အစစအရာရာစိတ်ချပါလို့ အမေ့ကိုကျနော်ပြောပြလို့ ရမယ်ဆိုရင် ကျနော်အမှု မပိတ်သိမ်းဘူးဗျ။”

ဒါ့အပြင် သံဃာတပါးက ပါရာဇိက ကျတယ် မကျဘူးဆိုတာ လူပုဂ္ဂိုလ်တဦးတယောက်အနေနဲ့ မပြောသင့်သလို မဘသ ကိုထိခိုက်အောင်ပြောဆိုတဲ့အတွက် ကိုဆွေဝင်းကို တရားစွဲရတာ ဖြစ်တယ်လို့ပြောပါတယ်။ ဆရာတော် ဦးဝီရသူနဲ့ ညှိနှိုင်းပြီး တရားစွဲခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

“ဦးကိုနီ အကြမ်းဖက်သတ်ဖြတ်ခံရမှုအပေါ်မှာ ပြည်ထဲရေးက သတင်းစာရှင်းလင်းပွဲ လုပ်တာပေါ့ နော်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲလုပ်တဲ့ အပေါ်မှာ ပြန်မာနောင်း သတင်းထောက်အယ်ဒီတာချုပ် ကိုဆွေဝင်းက ဘာမေးလဲဆိုတော့ ဦးကိုနီသတ်ခံရမှုကြီးသည် မဘသအဖွဲ့စည်းရဲ့ပါဝင်မှု ပရောက မကင်းသရောင်ရောင် နောက်သူရဲ့ FB အကောင့်ထဲမှာ မဘသပြန်လာပြီ။ ဦးဝီရသူပါရာဇိက ကျပြီလို့ ရေးသားပြီး မဘသအဖွဲ့ ထိခိုက်ညှိုးနွမ်းအောင် ဆရာတော်သီးဝီရသူရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်ရေးသားတာပေါ့နော်။ ဆရာတော်ဦးဝီရသ ပါရာဇိက ကျတယ် မကျတယ်ဆိုတာ သံဃာ့ ဝိနည်းအရပ် သံဃာတွေဘဲ ဆုံးဖြတ်ရမယ်။ လူပုဂ္ဂိုလ် တဦးတယောက်ကပြောတာဟာ သူ့မှာလဲ ငရဲကြီးတယ်။ ဒီအပေါ်မှာ ကျနော်တို့က တရားစွဲတာဖြစ်ပါတယ်။”

ကိုဆွေဝင်းအနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ဘယ်သူ့ကိုမှတောင်းပန်စရာမလိုသလို ညှိနှိုင်းစရာ မရှိကြောင်း ပြောဆိုထားပါတယ်။

ကိုဆွေဝင်းကို မန္တလေး မဘသအဖွဲ့ဝင် ဦးကျော်မျိုးရွှေက ဆက်သွယ်ရေးပုဒ်မ ၆၆ ဃနဲ့ အရေးယူ ပေးဖို့ မတ်လ ၇ ရက်က မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲ စခန်းမှာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013