DVB Logo
Home
မြန်မာသတင်း
မတ်လပထမအပတ်တွင်း FMI နှင့် သီလဝါ စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်
DVB
·
March 9, 2017
မတ်လပထမအပတ်တွင်း FMI နှင့် သီလဝါ စတော့ရှယ်ယာဈေးနှုန်းများ မြင့်တက်
Donate to DVB

 

ရန်ကုန်စတော့ရှယ်ယာဈေးကွက်ထဲမှာ မတ်လ ပထမအပတ်အတွင်းက FMI နဲ့ သီလဝါ ရှယ်ယာဈေးနှုန်းတွေ မြင့်တက်ခဲ့တာကြောင့် ရှယ်ယာရှင်တွေအနေနဲ့ စတော့ရှယ်ယာ ဈေးကွက်အပေါ်မှာ စိတ်ဝင်စားမှုတွေ မြင့်တက်ခဲ့ပြီး ရှယ်ယာအရောင်းအဝယ် ဈေးကွက်က ပိုမို ကောင်းမွန်ခဲ့ပါတယ်။

ဒီလိုရှယ်ယာဈေးနှုန်းတွေ မြင့်တက်ခဲ့တဲ့ အချိန်မှာ ရှယ်ယာရှင်တွေအနေနဲ့ အမြတ်အစွန်းတွေ ရရှိခဲ့တာကြောင့် ဝယ်ယူထားတဲ့ ရှယ်ယာတွေကို ပြန်လည်ရောင်းချခဲ့ပါတယ်။

ဒါပေမယ့် မတ်လ ဒုတိယအပတ်ကနေစပြီး ရှယ်ယာ ဈေးနှုန်းတွေက ပြန်လည် ကျဆင်းခဲ့ပါတယ်။ ဒီလို ရှယ်ယာဈေးနှုန်းတွေ ကျဆင်းလာတာဟာ ရှယ်ယာရှင်တွေအနေနဲ့ ဝယ်ယူထားတဲ့ ရှယ်ယာတွေကို ပြန်လည်ထုတ်ရောင်းတာ များလာတာကြောင့်ပါလို့ ရှယ်ယာရှင်တွေက ပြောပါတယ်။

မတ်လ ၈ ရက်နေ့မှာတော့ FMI ရှယ်ယာ ၁ စုကို ကျပ် ၁၇၅၀၀၊ သီလဝါ ရှယ်ယာ ၁ စုကို ကျပ် ၄၃၀၀၊ မြန်မာနိုင်ငံသားများဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၉၁၀၀နဲ့ ပထမ ပုဂ္ဂလိကဘဏ်ရဲ့ ရှယ်ယာဈေးကတော့ ကျပ် ၃၂၀၀၀ ပေါက်ဈေး ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013