DVB Logo
Home
မြန်မာသတင်း
၁၀ လ အတွင်း တရားမ၀င်သစ်တန်ချိန် ၄၀၈၀၀ ကျော် ဖမ်းမိ
DVB
·
March 3, 2017
၁၀ လ အတွင်း တရားမ၀င်သစ်တန်ချိန် ၄၀၈၀၀ ကျော် ဖမ်းမိ
Donate to DVB

 

၁၀ လ အတွင်း မြန်မာနိုင်ငံတ၀န်း တရားမ၀င်သစ်တန်ချိန် ၄၀၈၀၀ ကျော် ဖမ်းမိတယ်လို့ သစ်တောဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၇ခုနှစ် ဇန်န၀ါရီလအထိ ဖမ်းမိတဲ့ သစ်တန်ချိန်ဖြစ်ပြီး သစ်စက် ၅၀၀ ကျော်၊ဆက်စပ် ကားနဲ့ ယာဉ် ၂၀၀၀ ကော်ျလည်း သိမ်းဆီးရမိပါတယ်။

သယံဇာတနဲ့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဌာနက အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်က သတင်းပေးသူ များလို့ ခုလို အမြောက်အမြား ဖမ်းမိတာလို့ ပြောပါတယ်။

“အစိုးရသစ်ကာလမှာ ပြည်သူလူထုကလည်း ပိုပြီးတော့ ပွင့်လင်းလာတာပေါ့လေ။ နောက်တခုက သတင်းပေးတဲ့သူကလည်း များပြားလာတယ်။ ကျနော်တို့က ပုံမှန်ဖမ်းဆီးတာ ရှိတယ်၊ရှောင်တခင် စစ်ဆေးတာ ရှိတယ်။ မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဖမ်းဆီးတာလည်း ရှိတယ်။ ဒီနှစ်မှာလည်း ဒီတိုင်းပါပဲ။ နယ်စပ်ထွက်မယ့် လမ်းကြောင်းတွေ ရန်ကုန်ကို ဆင်းမယ့် လမ်းကြောင်းတွေမှာလည်း တရားမ၀င်သစ်ဖမ်းဆီးရာမှာ သက်ဆိုင်ရာ ပြည်နယ်တိုင်းအလိုက် စီမံချက်တွေ သစ်တောဦးစီးဌာန စီမံချက်တွေနဲ့ ဆောင်ရွက်တာလည်း ပါပါတယ်။”
သတင်းရရှိမှု ပိုပြီး မြန်ဆန်လာတာကြောင့်လည်း တရားမ၀င်သစ်ဖမ်းမိတာ များလာတာလို့လည်း ပြောပါတယ်။


ပြည်နယ်တိုင်းအနှံ့မှာ တရားမ၀င်သစ်ဖမ်းမိနေတာဖြစ်ပြီး တချို့လတွေမှာ ရှမ်းပြည်နယ်မှာ အမြောက်အမြား ဖမ်းမိသလို့ တချို့လတွေကျ ရန်ကုန်တိုင်းအတွင်း အမြောက်အမြား ဖမ်းမိတာလည်း ရှိပါတယ်။

ကျွန်း၊သစ်မာနဲ့ အခြား သစ်မျိုးစုံကို အမြောက်အမြားဖမ်းမိနေတာဖြစ်ပြီး အရင် အစိုးရလက်ထက်က အခုလို အမြောက်အမြား ဖမ်းမိတဲ့သတင်း မကြားခဲ့ရပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013