DVB Logo
Home
နိုင်ငံတကာ
မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်
DVB
·
April 20, 2026
Photo: KCNA via REUTERS
Photo: KCNA via REUTERS
Donate to DVB

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ အဆင့်မြှင့်တင်ထားတဲ့ တာတိုပစ် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်မှုကို ဧပြီ ၁၉ ရက်က ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဧပြီ ၂၀ ရက်မှာ ကြေညာပါတယ်။

စမ်းသပ်မှုအတွင်း အဆင့်မြှင့်တင်ထားတဲ့ ဟွာဆောင်-11LA မြေပြင်ကနေ မြေပြင်ဆီ ပစ်ခတ်နိုင်တဲ့ ဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေကို ၅ ကြိမ် ပစ်လွှတ်ခဲ့ပြီး ၂ ဆင့်ကွဲ ဗုံးသီး ကလပ်စတာနဲ့ အစိတ်စိတ်အမြွှာမြွှာ ကွဲစေတဲ့ fragmentation ဗုံးသီး အမျိုးအစားတွေ အပါအဝင် ထိပ်ဖူးအသစ်တွေရဲ့ စွမ်းအားနဲ့ စွမ်းဆောင်ရည်ကို အကဲဖြတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KRT က ပြောပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည်တွေကို ၈၅ မိုင်အကွာက ကျွန်းပစ်မှတ်ဇုန်ဆီ ပစ်ခတ်ခဲ့ပြီး ၃၁ ဧက၊ ၃၂ ဧကလောက်ရှိတဲ့ ဧရိယာကို ပစ်ခတ်ခဲ့တာဖြစ်လို့ သိပ်သည်းဆမြင့်မားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်စနစ်ရဲ့ စုစည်းထားတဲ့ နှိမ်နင်းရေးတိုက်ခိုက်မှုစွမ်းရည်ကို ပြသနေပါတယ်။

နိုင်ငံပိုင်မီဒီယာ KCNA ကနေ သီးခြားထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ ကင်မ်က သူ့သမီးနဲ့ အကြီးတန်း စစ်ဘက်အရာရှိတွေနဲ့အတူ စောင့်ကြည့်ရေးစခန်းတခုကနေ စမ်းသပ်မှုကို စောင့်ကြည့်ခဲ့ပြီး နောက်ပိုင်းမှာတော့ လက်ထောက်တွေနဲ့အတူ ရလဒ်တွေကို ပြန်သုံးသပ်ခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013