DVB Logo
Home
မြန်မာသတင်း
ရဲကားကိုတိုက်ပြီး ထွက်ပြေးသွားသည့် မူးယစ်တရားခံပြေး နဂါးလေးကိုဖမ်းမိ
DVB
·
February 23, 2017
ရဲကားကိုတိုက်ပြီး ထွက်ပြေးသွားသည့် မူးယစ်တရားခံပြေး နဂါးလေးကိုဖမ်းမိ
Donate to DVB

ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးစဉ် ထွက်ပြေးလွတ်မြောက်သွားတဲ့ မူးယစ်တရားခံပြေး နဂါးလေး (ခ) အောင်နိုင်မြင့်ကို မကွေးတိုင်း မင်းဘူးမြို့နယ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးမှု၊ လုယက်မှုတွေနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ နဂါးလေး(ခ)အောင်နိုင်မြင့်ကို ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ (၂၀)ရပ်ကွက်၊ လှော်ကားလမ်းနဲ့ ဥဿဘုရားလမ်းဆုံ အနီးရှိ ကားဝပ်ရှော့မှာ ရောက်ရှိနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့ဖမ်းဆီးစဉ် အဖမ်းမခံဘဲ ကားနဲ့တိုက် ထွက်ပြေးသွားလို့ သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ဖမ်းမမိဘဲ ထွက်ပြေးလွတ်မြောက်သွား ခဲ့တာဖြစ်ပါတယ်။

တရားခံပြေး နဂါးလေးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သူ တိမ်းရှောင်သွားနိုင်တဲ့နေရာတွေကို စုံစမ်းပြီး လိုက်လံဖမ်းဆီးခဲ့ရာ မင်းဘူးမြို့၊ မကျီးချောင်း ၄ ရပ်ကွက်ရှိ အဒေါ်ဖြစ်သူ ဒေါ်ချိုပြုံးရဲ့နေအိမ်ကိုရောက်နေကြောင်း သတင်းရလို့ မင်းဘူးခရိုင်၊ မှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေကို ခေါ်ဆောင်ပြီး ဖမ်းဆီးခဲ့ရာ ဖေဖော်ဝါရီ ၂၃ ရက်မနက် ၈ နာရီခွဲမှာ Honda Fit မော်တော်ယာဉ်နဲ့ အတူ လက်ရဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ ဖမ်းဆီးရမိတဲ့ တရားခံပြေး နဂါးလေး(ခ)ေ အောင်နိုင်မြင့်ကို ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် ထိရောက်စွာ အရေးယူမယ်လို့ ရဲသတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013