DVB Logo
Home
မြန်မာသတင်း
ကချင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်
DVB
·
January 28, 2017
ကချင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် အရေးပေါ် အကူအညီ လိုအပ်
1 / 9
Donate to DVB

ကချင်စစ်ပြေးဒုက္ခသည် ၄၀၀၀ ကျော် အရေးပေါ်အကူအညီလိုအပ်နေတယ်လို့ ကချင်ဒုက္ခသည်များကို ကူညီထောက်ပံ့ပေးနေတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ အတွင်းရေးမှူး ဦးဂွမ်ရှာအောင် က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်ရှိ နားဟမ်ပါနဲ့ ရှအစ်ယန် စခန်း ၂ ခုနေ စစ်ပြေးဒုက္ခသည်တွေ အရေးပေါ် အကူအညီလိုအပ်နေတာဖြစ်ပြီး ဆောင်းတွင်းဖြစ်လို့ ရေခဲအောင် အေးနေတဲ့ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှု အထူးလိုအပ်နေတာလို့ သူက ပြောပါတယ်။

“ဆောင်းတွင်းကာလဖြစ်တော့ တော်တော်လေးအေးတဲ့ အနေအထားမှာ ဆက်ရှိနေတယ်၊ ကျန်းမာရေးစောင့်ရှောက်မှုက တော်တော်လေး အရေးကြီးနေတယ်၊ ပြီးတော့ သူတို့ဟာ ထပ်ဆင့်ထပ်ဆင့် ထွက်ပြေးနေရတော့ သူတို့အတွက် အနွေးထည်က အစ အ၀တ်အထည်တွေလည်း လိုတယ်၊လူဦးရေက ၄၀၀၀ ကျော် ၀န်းကျင် ရှိပါတယ်။”

အခု အကူအညီလိုနေတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ တိုက်ပွဲတွေကြောင့် ဒုက္ခသည်စခန်းကို စွန့်ခွာထွက်ပြေးလာရသူတွေဖြစ်ပါတယ်။

နယ်စပ်မှာ တာပေါ်လင်စတွေ မိုးထားတဲ့ တဲတွေနဲ့ နေထိုင်နေကြရတာဖြစ်ပြီး အစားအသောက်အတွက်လည်း အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဇန်န၀ါရီလဆန်းပိုင်းမှာ ကချင်ဒေသတွင်း တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တို့ကြား တိုက်ပွဲများပြင်းထန်လာပြီး ဒုသသည်စခန်းတွေနားထိ တိုက်ပွဲဖြစ်လို့ တိမ်းရှောင်ထွက်ပြေးရင်း နယ်စပ်မှာ ဖြစ်သလို တဲထိုးနေနေကြရတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ကွပ်ကဲမှုရုံးက တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူစခန်းများမှ လူဦးရေ ၃,၉၀၀ ခန့်မှာ စခန်းမှ ထွက်ပြေးတိမ်းရှောင် ရွှေ့ပြောင်းခဲ့ကြရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013