ဟူသီ စစ်ဘက်ဆိုင်ရာ မီဒီယာဌာနခွဲက ဆော်ဒီအာရေဗျရဲ့ F-15 တိုက်လေယာဉ်တစင်းရဲ့ အပျက်အစီးတွေကို ပြထားတာလို့ ပြောတဲ့ ဗီဒီယိုဖိုင်တခုကို စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ မီးလောင်နေတဲ့ အပျက်အစီး အပိုင်းအစတွေထဲမှာ ဆော်ဒီအာရေဗျနိုင်ငံ အလံပါတဲ့ လေယာဉ်တောင်ပံအပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတခုလည်း ပါပါတယ်။
ဟူသီတွေက ဆော်ဒီရဲ့ F-15 တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဟူသီ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီယာက ပြောပါတယ်။
လေယာဉ်က အပြင်းအထန် ပျက်စီးနေလို့ ဘာအမျိုးအစား မော်ဒယ်ဖြစ်တယ် ဆိုတာကို ချက်ချင်းခွဲခြားပြီး မသိနိုင်ပါဘူး။
လေယာဉ်အမြီးပိုင်းမှာတော့ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အလံကို မြင်တွေ့ရပါတယ်။ အပျက်အစီးတွေရဲ့ ပုံသဏ္ဌာန်နဲ့ အရောင်တို့က ရိုက်ကူးထားတဲ့ မြင်ကွင်းတွေနဲ့ ထောင့်ပေါင်းစုံကနေ ကြည့်ရာမှာ တူညီနေတာကို တွေ့ရပါတယ်။
Source: Reuters











