DVB Logo
Home
နိုင်ငံတကာ
ပိုလန်နိုင်ငံကို အမေရိကန် တပ်သား ၅,၀၀၀ ထပ်မံစေလွှတ်မည်
DVB
·
May 22, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ပိုလန်နိုင်ငံဆီ တပ်သား ၅,၀၀၀ ထပ်ပြီး စေလွှတ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။

ဒါဟာ ပိုလန်နိုင်ငံမှာ တပ်သား ၄,၀၀၀ ချထားမဲ့ အစီအစဉ်ကို ပယ်ဖျက်ကြောင်း ပင်တဂွန်က ကြေညာခဲ့ပြီးနောက် တပတ်အကြာမှာ ထရမ့်ပ်က ပြောခဲ့တာပါ။

ပိုလန်သမ္မတ ကာရိုးနော်ရော့ကီနဲ့ ဆက်ဆံရေးကို အခြေခံပြီး အခုလိုဆုံးဖြတ်တာ ဖြစ်တယ်လို့ Truth Social Media မှာ ရေးသားထားပါတယ်။

ပိုလန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထပ်ပြီးချထားမှုဟာ အရင်တပ်ဆွဲထားတဲ့ အစီအစဉ်ကြောင့်လား ဒါမှမဟုတ် မတူညီတဲ့ စစ်ဆင်ရေးလား ဆိုတာတော့ ထရမ့်ပ်က ပြောခဲ့တာမျိုး မရှိပါဘူး။

အမေရိကန်ပထမ မူဝါဒရဲ့ အစိတ်အပိုင်းအဖြစ် ဥရောပမှာရှိတဲ့ တပ်ဖွဲ့ဝင်အရေတွက်ကို လျှော့ချဖို့ အမေရိကန်က ဆန္ဒရှိနေတယ်ဆိုတာ ပြသခဲ့ပါတယ်။

ဒီလအစောပိုင်းတုန်းကလည်း ဂျာမနီမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေထဲက တပ်သား ၅,၀၀၀ ကို ပြန်ခေါ်မယ်လို့ ကြေညာခဲ့ဖူးပါတယ်။

အီရန်အရေးနဲ့ပတ်သက်ပြီး ထရမ့်ပ်နဲ့ ဂျာမနီအဓိပတိ မားဇ်တို့ အပြန်အလှန်ဝေဖန်မှုတွေ ပြုလုပ်ပြီးနောက် အခုလို ကြေညာခဲ့တာပါ။

ပိုလန်ကို တပ်သားသစ်ချထားမယ်ဆိုတာ ဂျာမနီကခေါ်ယူမဲ့ တပ်သားတွေလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း ကြေညာတာမျိုး မရှိသေးပါဘူး။

မားဇ်က အီရန်အရေးမှာ အမေရိကန်က အရှက်ကွဲတယ်လို့ ဝေဖန်ခဲ့တာကြောင့် ထရမ့်ပ်က ဟော်မုဇ်အရေးမှာ အမေရိကန်ကို NATO အဖွဲ့ဝင်တွေက မကူညီတဲ့အပေါ် တုံ့ပြန်ဝေဖန်ခဲ့တာပါ။

NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေဟာ သောကြာနေ့ ဆွီဒင်နိုင်ငံမှာ တွေ့ဆုံကြမဲ့ ဆွေးနွေးပွဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအို ပါဝင်မှာဖြစ်ပါတယ်။

အမေရိကန်ပေါ်မှာရှိတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို NATO အဖွဲ့ဝင်နိုင်ငံတွေဆီ လွှဲပြောင်းပေးမယ် လို့လည်း မျှော်လင့်ရပါတယ်။

နော်ရော့ကီဟာ ပိုလန်သမ္မတ မဖြစ်ခင်ကတည်းက ထရမ့်ပ်ကို ထောက်ခံခဲ့သူဖြစ်ပါတယ်။ ဘီဘီစီရဲ့ အင်တာဗျူးမှာ ထရမ့်ပ်ဟာ ပူတင်နဲ့ ယူကရိန်းစစ်ပွဲကို ရပ်တန့်နိုင်တဲ့ တဦးတည်းသော ကမ္ဘာ့ခေါင်းဆောင် ဖြစ်တယ်လို့ နော်ရော့ကီက ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် အမေရိကန်က ဥရောပလုံခြုံရေးကို အာမခံပေးနိုင်တယ်လို့ နော်ရော့ကီက ပြောခဲ့ဖူးပါတယ်။

အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ဂျာမနီနိုင်ငံမှာ ၃၆,၀၀၀ ရှိပြီး အီတလီနိုင်ငံမှာ ၁၂,၀၀၀ နဲ့ ဗြိတိန်နိုင်ငံမှာ ၁၀,၀၀၀ တပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013