DVB Logo
Home
မြန်မာသတင်း
သတင်းရယူခွင့် အခက်အခဲများနှင့်ပတ်သက်၍ မီဒီယာသမားများ ဆွေး​နွေး
DVB
·
December 28, 2016
သတင်းရယူခွင့် အခက်အခဲများနှင့်ပတ်သက်၍ မီဒီယာသမားများ ဆွေး​နွေး
1 / 8
Donate to DVB

မဏ္ဍိုင်လေးရပ် အလုပ်ရုံဆွေးနွေးပွဲမှာ သတင်းရယူခွင့်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ တင်ပြဆွေးနွေးနိုင်ဖို့ သတင်းမီဒီယာသမားတွေ ရန်ကုန်မြို့မှာ စုပေါင်းပြီး အကြိုညှိနှိုင်း ဆွေးနွေးခဲ့ကြပါတယ်။

မြန်မာသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလှိုင်က “အခုချိန်ထိ ဌာနဆိုင်ရာ ဝန်ထမ်းတွေမှာက သတင်းသမားတွေ မေးလိုက်လို့ရင် သူတို့မှာက တခုခု အပြစ်ဖြစ်ရသလို ခံစားနေရတယ်။ သူတို့မှာ ဘယ်လိုအခက်အခဲတွေရှိလဲ၊ ကျနော်တို့ သတင်းသမားတွေမှာတော့ မဏ္ဍိုင်လေးရပ်နဲ့ပတ်သက်လို့ သတင်းယူတဲ့အခါမှာ ဘယ်လိုအခက်အခဲရှိတယ်ဆိုတဲ့ အချက်တွေကို တင်ပြဆွေးနွေးသွားမှာပါ” လို့ ပြောပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ အော့်ကစ်(ခ်)ဟိုတယ်မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဦးဆောင်ပြီး သတင်းမီဒီယာသမား ၃၀ ကျော် ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

သတင်း၊ ဓာတ်ပုံ-အောင်ဆန်းဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013