DVB Logo
Home
မြန်မာသတင်း
ငါးခူရကျေးရွာတွင် သတင်းမီဒီယာများကို တွေ့ဆုံဖြေကြားခဲ့သူ သတ်ဖြတ်ခံရ
DVB
·
December 23, 2016
ငါးခူရကျေးရွာတွင် သတင်းမီဒီယာများကို တွေ့ဆုံဖြေကြားခဲ့သူ သတ်ဖြတ်ခံရ
1 / 2
Donate to DVB

 

မောင်တောမြို့နယ် ငါးခူရရွာမှာ ပြည်တွင်းပြည်ပမီဒီယာတွေကို လက်ခံဖြေကြားပေးသူ ရွာသားတဦး အသတ်ခံလိုက်ရပါတယ်။

15591111_785006978320298_7887380961424494763_oမောင်တောမြို့နယ်မြောက်ပိုင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာအဖွဲ့တွေ လာရောက်စဉ် ဒီဇင်ဘာ ၂၁ ရက်နေ့က ငါးခူရကျေးရွာမှာ မေးမြန်းမှုတွေကို တွေ့ဆုံဖြေကြားခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် ဒုစ်မာမက်(ခ) ရှူနာမျာကို အကြမ်းဖက်သမားတွေက အဲဒီနေ့ ညနေပိုင်းမှာပဲ ခေါင်းဖြတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

“ညနေပိုင်း ရွာထဲမှာရောက်လာတဲ့ သတင်းထောက်တွေ မေးတာတွေကို ဖြေတယ်။ ရွာထဲက မီးလောင်တဲ့ နေရာတွေကိုလည်း လိုက်ပြခဲ့တယ်။ သတင်းထောက်တွေ ပြန်သွားတော့ ညနေ ၆ နာရီလောက်၊ အိမ်ပြန်လာ အဝတ်အစားလဲပြီး ရွာထဲသွားဦးမယ်ဆိုပြီး ထွက်သွားကတည်းက ၂၂ ရက်နေ့ထိ ပြန်မလာတော့တာပါ။ လိုက်ရှာလို့လည်း မတွေ့လို့ ငါးခူရစခန်းမှာ အကြောင်းကြားခဲ့တာပါ” လို့ ပျောက်ဆုံးသွားသူရဲ့ ဆွေမျိုးတဦးက ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ရှူနာမျာကို ငါးခူရနယ်မြေစခန်းက နယ်မြေမှူးကိုယ်တိုင် ဦးဆောင်တဲ့အဖွဲ့နဲ့ လိုက်ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လယ် ၂ နာရီ ၃ဝ လောက်မှာ ဒိုးတန်းရွာနဲ့ ငါးခူရရွာကြား၊ စပါယ်ပင်ရင်းချောင်းအနီးက လယ်ကွင်းစပ်မှာ သွေးကွက်တွေတွေ့တဲ့အတွက် ဆက်လက်ရှာဖွေခဲ့ကြပြီး ဒီဇင်ဘာ ၂၃ ရက် နေ့လယ်ပိုင်းမှာမှ ရှူနာမျာရဲ့ အလောင်းကို စံပါယ်ပင်ရင်းချောင်းထဲမှာ ဦးခေါင်းမပါဘဲ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

သတင်းထောက်တွေနဲ့ တွေ့ဆုံဖြေကြားခဲ့တုန်းက ငါးခူရရွာမှာ စစ်တပ်နဲ့ ရဲက မီးရှို့တာ၊ အဓမ္မကျင့်တာ မရှိကြောင်း၊ မတရားဖမ်းဆီးတာမရှိကြောင်း ဖြေကြားခဲ့တဲ့အတွက် အကြမ်းဖက်သမားတွေက ဖမ်းဆီးသတ်ဖြတ်တယ်လို့ ယူဆထားပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် ငါးခူရနယ်မြေစခန်းက စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013