DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်းတောင် ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
DVB
·
December 22, 2016
လက်ပံတောင်းတောင် ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကျင်းပ
1 / 9
Donate to DVB

လက်ပံတောင်းတောင်ဒေသခံ မိုးကြိုးပြင်အလယ်ရွာမှ တောင်သူမကြီး ဒေါ်ခင်ဝင်းကျဆုံးခြင်း ၂ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်၊ မိုးကြိုးပြင်အလယ်ရွာရှိ ဒေါ်ခင်ဝင်းရဲ့နေအိမ်မှာ ကျင်းပခဲ့ပါတယ်။

ဒေါ်ခင်ဝင်းကျဆုံးခြင်း အောက်မေ့ဖွယ်မှာ သံဃာတော်တွေကို ဆွမ်းကပ်အမျှဝေခြင်း၊ အောက်မေ့ဖွယ် အမှတ်တရစကားပြောကြားခြင်း၊ အဖွဲ့အစည်းအသီးသီးရဲ့ကြေညာချက်တွေကို ရွတ်ဖတ်ခြင်း၊ ကဗျာရွတ်ခြင်းတွေကို ပြုလုပ်ခဲ့သလို ဒေါ်ခင်ဝင်း အသတ်ခံရမှုနဲ့ပတ်သက်ပြီး တရားခံအမြန်ဆုံး ဖော်ထုတ်ပေးရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။

အခမ်းအနားကို မိုးကြိုးပြင်အလယ်ရွာက ဒေသခံများ၊ လက်ပံတောင်းဒေသခံများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013