DVB Logo
Home
မြန်မာသတင်း
သတင်းရယူရာတွင် ခြိမ်းခြောက်မောင်းထုတ်ခံခဲ့ရသည့် သတင်းသမားများ ဆန္ဒပြမည်
DVB
·
December 19, 2016
သတင်းရယူရာတွင် ခြိမ်းခြောက်မောင်းထုတ်ခံခဲ့ရသည့် သတင်းသမားများ ဆန္ဒပြမည်
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ သတင်းမီဒီယာသမားတွေ သတင်းရယူရာမှာ ခြိမ်းခြောက်မောင်းထုတ်ခံခဲ့ရတဲ့အတွက် လာမယ့် ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆန္ဒဖို့ စီစဉ်နေပါတယ်။

ညောင်လေးပင်မြို့နယ်ထဲက ဇလုပ်ကုန်းကျေးရွာမှာ ပိုင်ဆိုင်မှု အငြင်းပွားမှုဖြစ်ပွားနေတဲ့ အိမ်ခြံကိစ္စနဲ့ပတ်သက်ပြီး တရားရေးဝန်ထမ်းတွေနဲ့ ရွာသားတွေကြား ပဋိပက္ခပုံစံဖြစ်ပေါ်နေချိန်မှာ သတင်းသွားယူခဲ့တဲ့ သတင်းသမားတွေကို တရားရေးဝန်ထမ်းတွေက တားမြစ်မောင်းထုတ်ပြီး ထွက်သွားခြင်းမရှိပါက ဒီထဲမှာရှိတဲ့ ရွာသားတွေအပါအဝင် တရားစွဲဆိုသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့တာကြောင့် ခုလိုဆန္ဒပြဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဒေသခံသတင်းသမားများမှ ဒီဗွီဘီကို ပြောပါတယ်။

"သတင်းမီဒီယာများ လွတ်လပ်ခွင့်ရရှိရေး၊  တရားရုံးအပါအဝင် ဌာနဆိုင်ရာရုံးများမှာ သတင်းရယူရာတွင် ဖိနှိပ်ကန့်သတ်မှု ဖယ်ရှားပေးရေး၊ သတင်းအချက်အလက်များ ရယူရာတွင် သတင်းများကို လွတ်လပ်စွာ အချိန်နဲ့တပြေးညီ ရရှိရေး၊ သတင်းမီဒီယာသမားများအား ခြိမ်းခြောက်ခြင်းနှင့် သတင်းရယူခွင့်ကို ပိတ်ပင်တားဆီးသော တရားရေးဝန်ထမ်းများကို အရေးယူပေးရေး" စတဲ့ စာတန်းတွေကို ကိုင်ဆောင်ပြီး မြို့မ-၁ ရပ်ကွက်၊ ဘုရားကြီးရှေ့က စတင်ကာ မြို့ နယ်တရားရုံးရှေ့ထိ စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရှိရပါတယ်။

အဆိုပါဆန္ဒထုတ်ဖော်ရာမှာ ဒေသခံသတင်းမီဒီယာသမားများနဲ့အတူ ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းက သတင်းမီဒီယာသမားတွေ ပူးပေါင်းဆန္ဒထုတ်ဖော်မှာဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ငြိမ်းစုစီ တင်ပြထားကြောင်း သိရပါတယ်။

သတင်း၊ ဓာတ်ပုံ- နေလင်းထိုက် (ညောင်လေးပင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013