DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ကျောင်းများ၊ ဘဏ်များ ပြန်ဖွင့်ပြီး တည်ငြိမ်စပြုလာ
DVB
·
November 29, 2016
မူဆယ်တွင် ကျောင်းများ၊ ဘဏ်များ ပြန်ဖွင့်ပြီး တည်ငြိမ်စပြုလာ
Donate to DVB

ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့တဲ့ မူဆယ်မြို့မှာ နိုဝင်ဘာ ၂၈ ရက်ကစပြီး စာသင်ကျောင်းတွေ နဲ့ စီးပွားရေးဘဏ်တွေ ပြန်လည်ဖွင့်လှစ်နေပြီး မြို့ပြန်လည်တည်ငြိမ်စပြုနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပါတယ်။

နိုဝင်ဘာ ၂၀ ရက်က တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားတပ်ဖွဲ့တွေ အကြားတိုက်ခိုက်မှုကြောင့် ထွက်ပြေးခဲ့ကြပြီး မြို့ပေါ် စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်ကြသူတွေလည်း နေအိမ်တွေကို ပြန်လည်ရောက်ရှိနေကြပြီး စခန်းတွေမှာ လူ ၄၀၀ လောက်ပဲကျန်ရှိနေပါတယ်။

မူဆယ်မြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ငွေလွှဲ/ငွေထုတ် ဆောင်ရွက်နေပြီဖြစ်သလို မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်ကိုလည်း ဒီနေ့မှာ ပြန်လည်ဖွင့်လှစ်ပြီး ကုန်သွယ်မှုလုပ်ငန်းတွေ စတင်မယ်လို့ ကြေညာထားပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ဟာ နိုဝင်ဘာ ၂၀ ရက် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့များရဲ့ ပထမဆုံး စတင်တိုက်ခိုက်ခံရတဲ့ နေရာတခုဖြစ်ပြီး နယ်စပ်စီးပွားရေးဇုန်များအနက် အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်ပါတယ်။
စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ မူဆယ်စီးပွားရေးဇုန်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ နေ့စဉ် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် ရှိပါတယ်။

နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီအေအေ၊ တီအန်အယ်လ်အေ၊ အေအေစတဲ့ တပ်ဖွဲ့ ၄ ခုပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ထိုးစစ်စတင်ခဲ့ပြီး အခုချိန်ထိလည်း မုံကိုး၊ ကြူကုတ်၊ ပန်ဆိုင်း စတဲ့ ဒေသတွေဘက်မှာ တိုက်ပွဲများ ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။

တိုင်းရင်းသားတပ်ဖွဲ့တွေဘက်က တပ်မတော်ရဲ့ထိုးစစ် မရပ်မချင်း ပြောက်ကျား နည်းဗျုဟာနဲ့ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ရှမ်းမြောက်တိုက်ပွဲများနဲ့ ပတ်သက်လို့ မြန်မာနဲ့ တရုတ်အစိုးရတို့ ဆွေးနွေးပွဲများ ကျင်းပခဲ့သလို မြောက်ပိုင်းတပ်ဖွဲ့တွေကလည်း ဒီတိုက်ပွဲတွေ ရပ်စဲဖို့ တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013