
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း နိုဝင်ဘာလ ၂၅ ရက်နဲ့ ၂၆ ရက်နေ့မှာ ၂ ရက်ဆက်တိုက် တရားမဝင်သစ်တွေ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ကသာခရိုင် သစ်တော လ/ထ ညွှန်ကြားရေးမှူးဦးဆောင်တဲ့ တရားမဝင်သစ် ဖမ်းဆီးရေးအဖွဲ့ဟာ ခိုပြင်ကျေးရွာနဲ့ ရွှေချောင်းကျေးရွာအနီး သစ်ထုတ်ရေး ကားလမ်းဘေးမှာ တရားမဝင် သစ် ခွဲစက်နဲ့အတူ ကျွန်းသစ် ၃ လုံး သစ်ခွဲသား ၄၃၃ ချောင်း ၅.၀၀၃၈ တန် ဖမ်းမိခဲ့တာပါ။ ဒါ့အပြင် မံလူကျေးရွာအနောက်ဘက် ၂ မိုင်ခန့်အကွာမှာ ကောက်ရိုးတွေနဲ့ ဖုံးအုပ်ထားတဲ့ တမလမ်း ဓါးရွေတုံး ၁၂၁ တုံး သစ်တန် ၁၅.၇ ဖမ်းဆီး ရမိခဲ့သလို ဗန်းမောက်တောင်ပိုင်း ကံတော်ရွာ အနီးမှာ ကျွန်းသစ် ၄၁ လုံး ၂၀.၂၄ တန် စုစုပေါင်း သစ်တန်း ၅၀ နီးပါးခန့် ကာလတန်ဘိုး ငွေကျပ် သိန်း ၁၀၀ ခန့် ဖမ်းမိခဲ့တာဖြစ်ပါတယ်။
တရားမဝင်သစ်တွေ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူထားပြီး သယ်ယူထိန်းသိမ်းထားနိုင်ဘို့ စီစဉ် ဆောင်ရွက်နေတယ်လို့ ကသာရိုင် သစ်တော ဌာန လ/ထ ညွှန်ကြားရေးမှူး ဦးသောင်းနိုင် က ပြောပါတယ်။
သတင်း - သီဟဆွေ (ကသာ)











