
ရုရှားက ဒုံးကျည်၊ ဒရုန်းတွေနဲ့ စက်တင်ဘာ ၁၂ ရက် အစောပိုင်းမှာ တိုက်ခိုက်ခဲ့တာကြောင့် ယူကရိန်းနိုင်ငံ အိုဒက်ဆာမြို့က ၂၅ ထပ်ပါတဲ့ လူနေအထပ်မြင့် အဆောက်အအုံတခုက တိုက်ခန်းတွေ မီးလောင်ခဲ့ပြီး ကလေးငယ်တွေအပါအဝင် လူ ၃၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်အပြီး အဲဒီအဆောက်အအုံရဲ့ ၂၁ ထပ်ကနေ ၂၃ ထပ်အထိ တိုက်ခန်းတွေ မီးလောင်ခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ကလေးငယ် ၂ ယောက် အပါအဝင် လူ ၇ ယောက်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းကယ်ထုတ်ပေးနိုင်ခဲ့ပြီး တချို့က ဓာတ်လှေကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။
အခုတိုက်ခိုက်မှုဟာ ယူကရိန်းနိုင်ငံတောင်ပိုင်း အိုဒက်ဆာ ဒေသအပေါ် ရုရှားက ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု တစိတ်တပိုင်းဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် ငါးလအရွယ် ကလေးတယောက် အပါအဝင် လူ ၃၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ အုပ်ချုပ်ရေးမှူး အိုလက် ကီပါက ပြောခဲ့ပါတယ်။
Source: Reuters











