DVB Logo
Home
မြန်မာသတင်း
မောင်တောတွင် စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိ
DVB
·
November 25, 2016
မောင်တောတွင်  စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၆၅၀၀၀ ခန့် ကာလတန်ဖိုး သိန်း ၁၃၀၀ ကျပ်ခန့်အား သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက နိုဝင်ဘာ ၂၅ ရက်မှာ သတင်းထုတ်ပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ မောင်တောမြို့ ကညင်ချောင်းဝမှ တပ်ချောင်းဘက်သို့ တိုက်ကင်းလှည့်နေတုန်း မသင်္ကာဖွယ်ရာလှေ ၁ စီးနှင့် လူ ၃ ဦးခန့်အား တွေ့ရှိခဲ့လို့ မီးအချက်ပြခေါ်ယူခဲ့ပေမယ့် လာရောက်ခြင်း မရှိတဲ့အတွက် လက်နက်ငယ် ၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်ပြီး လိုက်လံဖမ်းဆီးခဲ့ရာ ဓနိတောအတွင်းသို့ ထွက်ပြေးသွားခဲ့တယ်။

အလျား ပေ ၂၀၊ အနံ ၃ ပေရှိတဲ့ လက်ခတ်လောင်းလှေ ၁ စီး အား ကမ်းစပ်မှာ သိမ်းဆည်းရမိပြီး လှေပေါ်မှာ တိတ်အဝါနဲ့ ပတ်ထားတဲ့ အထုတ် ၇ ထုတ်အတွင်းကနေ  WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ် ဆေးပြား ၆၅၀၀၀ ခန့် သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013