DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့ဝင်ဂိတ်တွင် လိုင်စင်မဲ့ကား ၃ စီး သိမ်းဆည်းရမိ
DVB
·
August 18, 2017
မိုးညှင်းမြို့ဝင်ဂိတ်တွင် လိုင်စင်မဲ့ကား ၃ စီး သိမ်းဆည်းရမိ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့အဝင် နန့်ပုတ်ကျေးရွာ မြို့အဝင် ဘီးခွန်ဂိတ်မှာ သြဂုတ် ၁၇ ရက် မနက်အစောပိုင်းက လိုင်စင်မဲ့ယာဉ်တွေ ဝင်ရောက်မှု မရှိစေရေး ရှောင်တခင်စစ်ဆေးစဉ် စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ဘက် မောင်းနှင်လာတဲ့ လိုင်စင်မဲ့ကား ၃ စီးနဲ့ ယာဉ်မောင်း ၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

ယာဉ်တွေကို မိုးညှင်း အမှတ် ၁၀၁ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမြင့်မိုးက သက်သေတွေနဲ့အတူ စစ်ဆေးရာ ယာဉ်နဲ့ပတ်သက်တဲ့ အထောက်အထားတစုံတရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်နေလို့ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ယာဉ်မောင်း စိုင်းမင်းလွင် သက်သေခံယာဉ် MDY 3M/6411 VOXY ခဲရောင်၊ ယာဉ်မောင်း အောင်အောင် သက်သေခံယာဉ် YGN 41/2804 HONDAEDIX အဖြူရောင်ယာဉ် နဲ့ ယာဉ်မောင်း တင်မိုး  သက်သေခံယာဉ် MDY 8K/6386 ADVAN အဖြူရောင်ယာဉ်တို့ကို  (ပ)၁၂၂/၁၇ (ပ)၁၂၃/၁၇ (ပ)၁၂၄/၁၇ ပို့သွင်းဥပဒေပုဒ်မ ၈ တို့နဲ့ မိုးညှင်းမြို့မရဲစခန်းမှာ ဒုရဲမှုးမြင်မိုးက တရားလိုပြုပြီး သိမ်းဆည်းအရေးယူထားတယ်လို့ သိရပါတယ်။

မိုးညှင်းမြို့အဝင်ဂိတ်မှာ မကြာခဏ စစ်ဆေးသိမ်းဆီးရမိတဲ့ လိုင်စင်မဲ့ကားတွေကို ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်လိုက်တယ်လို့ မိုးညှင်းရဲစခန်းက ပြောပါတယ်။

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013