
မန်ချက်စတာစီးတီးနည်းပြ ဂွါဒီယိုလာဟာ ချန်ပီယံလုပွဲ အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ အာဆင်နယ် ပွဲစဉ်က VAR ဆုံးဖြတ်ချက်အပေါ် မကျေမနပ်ဖြစ်ခဲ့ပြီး သူ့အနေနဲ့ စီးတီးကို ရောက်ကတည်းက ဒိုင်လူကြီးတွေကို တခါမှ အပြည့်အဝမယုံကြည်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းရဲ့ နောက်ကျချေပဂိုးကို VAR က ပယ်ဖျက်ခဲ့လို့ အာဆင်နယ် အနိုင်ရ ရှိသွားခဲ့တာပါ။
ဂွါဒီယိုလာက VAR ဆုံးဖြတ်ချက်တွေဟာ ခေါင်းပန်းလှန်သလို ဖြစ်နေပြီး ပြီးခဲ့တဲ့ FA ဖလား ဗိုလ်လုပွဲတွေမှာလည်း ဒိုင်တွေကြောင့် ရှုံးခဲ့ရတယ်လို့ ဖြည့်စွက်ပြောခဲ့ပါတယ်။
စီးတီးဟာ ချန်ပီယံဆုအတွက် အာဆင်နယ်ကို ဖိအားပေးနိုင်ဖို့ လာမဲ့ ပဲလေ့စ်နဲ့ပွဲမှာ အနိုင်ကစားဖို့ ပြင်ဆင်နေပါတယ်။
Photo:Reuters










