DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့ပြည်သူများ အထိတ်တလန့်ဖြစ်၊ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်
DVB
·
November 22, 2016
မူဆယ်မြို့ပြည်သူများ အထိတ်တလန့်ဖြစ်၊ တရုတ်ပြည်သို့ ထွက်ပြေးတိမ်းရှောင်
Donate to DVB

ရှမ်းပြည်နယ် မူဆယ်မြို့မှာ ၁၂ နာရီကျော်ရင် အခြေအနေမကောင်းဘူးဆိုပြီးသတင်းကြောင့် ဒီကနေ့ ၁၁ နာရီလောက်ကလည်းက မူဆယ်မြို့မှာနေထိုင်တဲ့ပြည်သူတွေ နေအိမ်နဲ့ ဆိုင်တွေပိတ်ပြီး တရုတ်ပြည်ဂျယ်ခေါင်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

မူဆယ်ကိုရောက်ရှိသတင်းယူနေတဲ့ ဒီဗွီဘီသတင်းထောက် ကိုမျိုးဇော်လင်းက “လူတွေ ဘယ်လောက်ရှိလဲဆိုတော့ ဂိတ်က ၃ ဂိတ်ရှိတာ ကားတန်းက အရှည်ကြီးပဲ။ ကားတွေနဲ့လူတွေ အကုန်ထွက်ပြေးနေကြပြီ။ ဒီကနေ့ ၁၂ နာရီနောက်ပိုင်းမှာ တခုခု ဖြစ်မယ်ဆိုပြီးတော့ သတင်းတွေထွက်တယ်။ ပြီးတော့ မူဆယ်မြို့ပတ်ဝန်းကျင်မှာ ကျိုကြား၊ ကျိုကြား သေနတ်သံတွေ ကြားရတယ်။အဲဒါကြောင့် လူတွေက မူဆယ်မြို့မှာ မနေရဲကြတော့ဘူး။ ဂျယ်ဂေါင်ဘက်ကို ခဏရှောင်နေတဲ့ သဘောမျိုးပေါ့နော်။”

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (တီအန်အယ်လ်အေ) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အမ်အန်ဒီအေအေ) ပူးပေါင်းအဖွဲ့တွေ နိုဝင်ဘာလ ၂၀ ရက်နေ့က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် အပါအ၀င် ၁၀ နေရာလောက်မှာ အလစ်အငိုက် ၀င်ရောက် ပစ်ခတ်တိုက်ခိုက် တံတားတွေကို မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင်တွင်း ကချင်၊ ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ အကောက်ခွန် ၀န်ထမ်းနဲ့ အရပ်သားပြည်သူ စုစုပေါင်း ၈ ဦးသေဆုံးပြီး ၂၉ ဦး ဒဏ်ရာရသွားတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013