လီဗာပူးတိုက်စစ်မှူး အီကီတီကေးဟာ PSG နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဒီရာသီ လက်ကျန်ပွဲစဉ်တွေအပြင် လာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်တော့မှာဖြစ်ကြောင်း ပြင်သစ်နည်းပြ ဒေးရွှမ့်က အတည်ပြုလိုက်ပါတယ်။
အသက် ၂၃ နှစ်အရွယ် အီကီတီကေးဟာ ဒီရာသီ လီဗာပူးအတွက် ၁၇ ဂိုးအထိ သွင်းယူပေးထားတဲ့ အဓိကကစားသမား ဖြစ်တာကြောင့် ဒါဟာ ကလပ်အသင်းရော နိုင်ငံအသင်းအတွက်ပါ ထိုးနှက်ချက်ကြီး ဖြစ်သွားခဲ့ပါတယ်။
လီဗာပူးနည်းပြ စလော့ကလည်း ရှုံးပွဲထက် ကစားသမားတယောက် ထပ်မံဒဏ်ရာရသွားတာက ပိုပြီးစိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းမှာ လက်ရှိ အလစ်ဆန်၊ အန်ဒို၊ ကော်နာဘရတ်ဒလေ တို့လို အမာခံတွေပါ ဒဏ်ရာရနေတာကြောင့် ရာသီကုန်မှာ အဆင့် ၅ အတွင်းဝင်ဖို့ ရုန်းကန်ရတော့မှာပါ။










