
UFO နဲ့ ပတ်သက်ပြီး ဖြစ်နိုင်သမျှအချက်အလက်အားလုံးကို မကြာမီ သူ့အစိုးရအဖွဲ့က ထုတ်ပြန် မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဧပြီ ၂၉ ရက်မှာ ပြောပါတယ်။
ဧပြီအစောပိုင်းတုန်းက Artemis II မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ သူတွေနဲ့ တွေ့ဆုံချိန်မှာ UFO နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ထုတ်ပြန်မယ်လို့ ထရမ့်ပ် မှတ်ချက်ပေးခဲ့ဖူတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
ထရမ့်ပ်က မကြာမီ ကျနော်တို့ ထုတ်ပြန်နိုင်သလောက် အချက်အလက်တွေကို ထုတ်ပြန် ပေးနိုင်မယ်လို့ ထင်ပါ တယ်။ ကျနော်တို့ မထုတ်ပြန်ဖူးသေးတဲ့အကြောင်းအရာတွေ အများကြီး ထုတ်ပြန်သွားမှာပါ” လို့ ပြောပါတယ်။
ဧပြီ ၁၇ ရက်တုန်းကလည်း ထရမ့်ပ်က သူ့ရဲ့အစိုးရအဖွဲ့ဟာ UFO နဲ့ပတ်သက်တဲ့ ပစ္စည်းတွေ၊ မှတ်တမ်းတွေကို ထုတ်ပြန်ဖို့ ပြန်လည်စိစစ်နေပြီး အစောပိုင်းမှတ်တမ်းတွေကို မကြာမီ ထုတ်ပြန် မယ်လို့လည်း ထပ်မံပြောဆိုခဲ့ပါတယ်။
ထရမ့်ပ်ဟာ ဖေဖော်ဝါရီလတုန်းကလည်း UFO နဲ့ပတ်သက်တဲ့ အစိုးရဖိုင်တွေကို ထုတ်ပြန်ဖို့ အမေရိကန်အေဂျင်စီတွေကို ညွှန်ကြားခဲ့ဖူးပါတယ်။
အမျိုးအမည်မသိ လေကြောင်းအဖြစ်အပျက်တွေ၊ သက်ရှိဂြိုဟ်သားဖြစ်နိုင်ခြေတွေနဲ့ လူထု စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို မှတ်တမ်းပြုစုထားတဲ့ ဖိုင်တွေကို ထုတ်ပြန်ဖို့ ညွှန်ကြား ခဲ့တာပါ။
Artemis II မှာ အဖွဲ့ဝင် အာကာသယာဉ်မှူး ၄ ယောက် ပါဝင်ပြီး သူတို့ဟာ ကမ္ဘာကနေ ဘယ်လူသားမှ မရောက်ဘူးသေးတဲ့ အဝေးဆုံး အကွာအဝေးကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။
Artemis II ဟာ ကမ္ဘာပတ်လမ်း ၂ ခုမှာ မိုင်ပေါင်း ၆၉၄,၃၉၂ မိုင် သွားခဲ့ကာ လမျက်နှာပြင်ကနေ မိုင်ပေါင်း ၄,၀၀၀ အကွာကနေ ပျံသန်းခဲ့တာ ဖြစ်ပါတယ်။
၂၀၂၈ ခုနှစ်မှာ အာကာသယာဉ်မှူးတွေ လမျက်နှာပြင်ပေါ်ကို ပြန်ရောက်ဖို့ Artemis မစ်ရှင်တွေကို စမ်းသပ်ခဲ့ပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်းမှာ လူသားတွေ လပေါ်ကို ပထမဆုံးအကြိမ် ခရီးသွားမှုပဲ ဖြစ်ပါတယ်။
Source:Reuters











