DVB Logo
Home
မြန်မာသတင်း
ထားဝယ်ရေလုပ်သားများ သစ်ခိုးဂိုဏ်း၏ ခြိမ်းခြောက်မှုခံနေရ
DVB
·
November 3, 2016
ထားဝယ်ရေလုပ်သားများ သစ်ခိုးဂိုဏ်း၏ ခြိမ်းခြောက်မှုခံနေရ
Donate to DVB

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် လောင်းလုံမြို့နယ်ထဲက ရေလုပ်သားတွေဟာ တရားမ၀င် သစ်ခိုးဂိုဏ်းတွေရဲ့ ခြိမ်းခြောက်မှု ခံနေရတယ်လို့ ဒေသအခြေစိုက် ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ပြောပြချက်အရသိရပါတယ်။

လောင်းလုံမြို့နယ် ဘူးထောင့်ကမ်းခြေဒေသမှာ တရားမဝင် သစ်ခိုးထုတ်မှုတွေရှိနေပြီး အဲဒီကိစ္စ သတင်းမီဒီယာတွေပေါ် တက်လာတဲ့အခါ သစ်ခိုးသမားတွေက ရေလုပ်သားတွေရဲ့ သတင်းပေးမှုကြောင့်လို့ စွပ်စွဲပြီး လာရောက်ခြိမ်းခြောက်ခဲ့တာလို့ ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးမောင်မောင်အေးက ဒီဗွီဘီကို ပြောပါတယ်။

“အရင်လက ကျနော်တို့ပါတီက အဲဒီကမ်းခြေကို ရောက်သွားတယ်။ ဆိုလာမီးတွေ သွားလှူတာ၊ အဲဒီမှာ  ခိုးခုတ်ထားတဲ့သစ်တွေ တွေ့လို့ ကျနော်တို့က ဓာတ်ပုံရိုက်ခဲ့တယ်။ ပြီးတော့ တရားမ၀င်သစ်ခိုးမှုအကြောင်း တနင်္သာရီဂျာနယ် မျက်နှာဖုံးမှာပါလာတယ်။ြဿပ  နာက အဲဒီကနေစတာ၊ အရင်တပတ်က သစ်ခိုးဂိုဏ်းတွေက ကမ်းခြေရွာကို ရောက်လာပြီး ရွာသားတွေ ကို ခြိမ်းခြောက်တယ်။ မင်းတို့တိုင်ပြောရင်  ရဲဒင်းနဲ့ ခုတ်သတ်မယ်၊ ဓားနဲ့ ထိုးသတ်မယ်လို့ ပြောတယ်။ သေနတ်တွေလည်း လွယ်ထားတယ်တဲ့။”

အဲဒီကမ်းခြေမှာ ဒီချေရွာက ရွာသားတွေ တဲငယ်ပေါင်း ၃၀ လောက် လာဆောက်ထားပြီး တံငါလုပ်ငန်းတွေ လာလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ အခုလို ခြိမ်းခြောက်ခံထားရတဲ့အတွက်  တံငါသည်တွေဟာ မသွားရဲမလာရဲတော့ဘဲ စိုးရိမ်ထိတ်လန့်နေတယ်လို့ ဆိုပါတယ်။

ဒေသခံတွေ စိုးရိမ်ကြောင့်ကြကင်းစွာ နေထိုင်နိုင်ဖို့နဲ့ ဥပဒေမဲ့ သစ်ခိုး ထုတ်မှုတွေကို တားဆီးနိုင်ဖို့အတွက် ထားဝယ်တိုင်းရင်းသားများပါတီအနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်က ကြေညာချက်ထုတ်ပြန်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီကိစ္စကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းပေးဖို့၊ နောက်နောင် မဖြစ်ပွားအောင် အာမခံပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013