DVB Logo
Home
မြန်မာသတင်း
တရုတ်အလှကုန် ၇ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဌာနကြေညာ
DVB
·
November 2, 2016
တရုတ်အလှကုန် ၇ မျိုး သုံးစွဲရန်မသင့်ဟု ကျန်းမာရေးဌာနကြေညာ
Donate to DVB

 

တရုတ်နိုင်ငံထုတ် အလှကုန်ပစ္စည်း ၇ မျိုးဟာ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရတဲ့အတွက် သုံးစွဲဖို့ မသင့်ဘူးလို့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာပါတယ်။

ဒါ့အပြင် အဲဒီအလှကုန်တွေဟာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှာ မှတ်တမ်းတင်ထားခြင်း မရှိဘူးလို့လည်းဆိုပါတယ်။

တရုတ်စာတွေနဲ့ တရုတ်ကုမ္ပဏီက ထုတ်လုပ်တဲ့ အဲ့ဒီဆေး ၇ မျိုးမှာ အဆိပ်သင့် ဓာတုပစ္စည်း မာကျူရီ(ပြဒါး) ပါဝင်နေပြီး ပြဒါးကြောင့် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူ အနီကွက်များ ဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူပြီး ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခု ကျန်းမာရေးဌာနက သုံးစွဲရန်မသင့်ဘူးလို့ ကြေညာခဲ့တဲ့ အလှကုန်ပစ္စည်းတွေဟာ အသားအရေလိမ်းဆေးတွေ ဖြစ်ပြီးအမှတ်တံဆပ်နဲ့ အမျိုးအစားတွေကတော့  JIAO LI Whitening Spots Removing Acne Kit (A,B,C) ၊ QIAN LI Spots Removing Cream ၊zhanghua yao bao ၊ S’Zitang Purely Natural Plant 7 Days Strong Whitening Anti-Speckle A & B Kit ၊ HUA YUE NONG Egg White & Cherry 7 Days Specific Eliminating Freckle Whitening Cream ၊ HUA YUE NONG 7 Days Plastic Whitening Regeneration Cream နဲ့ Specific Eliminating Freckle Cream  တို့ ဖြစ်ပါတယ်။

အလှကုန်ပစ္စည်း တင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ လက်လီလက်ကား အရောင်းဆိုင်တွေ အနေနဲ့ အဲ့ဒီအလှကုန်ပစ္စည်းတွေကို တင်သွင်းရောင်းချတာ မလုပ်ကြဖို့နဲ့ မလိုက်နာရင် ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူမယ်လို့လည်း ကျန်းမာရေး ဌာနက အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013