DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းတွင် မြို့နယ်ပညာရေးမှူးကို ဆန္ဒပြ
DVB
·
October 27, 2016
နမ့်ခမ်းတွင် မြို့နယ်ပညာရေးမှူးကို ဆန္ဒပြ
1 / 7
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့ပေါ်မှာ ဒီကနေ့မနက်က  မြို့နယ်ပညာရေးမှူးကို ဒေသခံပြည်သူ ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

မြို့နယ်ပညာရေးမှူး ဒေါ်နီနီအောင် ဆိုသူမှာ ပညာရေးဝန်ကြီးဌာနမှ ထုတ်ပေးထားတဲ့ တိုင်းရင်း သားဘာသာသင် ဆရာဆရာမများ လုပ်အားခကို အမှန်အကန်မပေးဘဲ အလွဲသုံးစားလုပ်နေပြီး သက်ဆိုင်ရာကလည်း ပြေလည်အောင်မဖြေရှင်းပေးနိုင်လို့ ခုလို လူစုလူဝေးနဲ့ လမ်းပေါ်ထွက်ပြီး ဆန္ဒပြရတာလို့  ဆန္ဒပြရာမှာ ဦးဆောင်သူ နမ့်ခမ်းမြို့နယ် ရှမ်းစာပေနဲ့ယဉ်ကျေးမှု အသင်း ဒုဥက္ကဋ္ဌ ဦးစိုင်းထွန်းအေးက ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဆီက တိုင်းရင်းသားစာပေသင်ကြားတဲ့ ဆရာဆရာမတွေအတွက် ပညာရေးဌာနက လစာငွေတွေ ချပေးထားတာရှိတယ်၊ ကျပ်သိန်းပေါင်း ၁၄၄ သိန်း။ ဆရာတဦးကို တလ ကျပ် ၃ သောင်း နဲ့ ၈ လအတွက်ပေါ့။ ဒါပေမယ့် တကယ်တမ်းကျတော့ ဆရာဆရာမတွေ ရတဲ့ငွေက တယောက်နဲ့ တယောက်မတူဘူး။ တချို့က ၂ သောင်း၊ တချို့က ၃ သောင်း၊ တချို့ကျတော့ ၅ သောင်းတောင်ရတယ်၊ တချို့ကျတော့ လုံးဝမရဘူး။ ကျနော်တို့ဆီက ကောက်ခံပြီးပေးလိုက်တဲ့ ဆရာဦးရေစာရင်းက ၁၉၂ ယောက်၊ ပညာရေးမှူးပြောတာက ၆၀ ဦးအတွက်ပဲ။ ပြီးတော့ အဲဒီ ၆၀ က တကယ်သင်တဲ့ ဆရာတွေမဟုတ်ပြန်ဘူး။ အဲဒီလို ပြဿ    နာလေးတွေရှိတော့ ကျနော်တို့က သက်ဆိုင်ရာကို စာတင်တော့  ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့က မူဆယ်ခယက ဥက္ကဋ္ဌ က ခေါ်ယူ မေးမြန်းသေးတယ်။ ဒါပေမယ့် ပြဿ   နာကို မဖြေရှင်းနိုင်ဘူး။ ပညာရေးမှူးကလည်း ကျနော်တို့ ပြောတာကို နားထောင်သွားပြီး သူလာဖြေရှင်းပေးမယ်ပြောပြီး ခုထိ ပေါ်မလာတော့ဘူး။ ဒါကြောင့် ကျနော်တို့ သက်ဆိုင်ရာထွေအုပ်ရုံးရဲ့ ခွင့်ပြုချက်နဲ့  ဆန္ဒထုတ်ဖော်နေတာဖြစ်တယ်။”

ကျောင်းသားမိဘ အုပ်ထိန်းသူ၊ ဆရာဆရာမနဲ့ နမ့်ခမ်းဒေသခံတွေဟာ ဒီကနေ့ မနက် ၉ နာရီက ရှမ်းစာပေယဉ်ကျေးမှုအသင်းတိုက်မှာ လူစုပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒထုတ်ဖော်ရာမှာ လမ်းပေါ်က လူတွေလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်ပွဲ မနက် ၁၀ နာရီကျော်မှာ ပြီးစီးသွားကြောင်း သူကဆက်ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ကတိမတည်သောပညာရေးမှူး ဒေါ်နီနီအောင်အား အလိုမရှိ၊ နိုင်ငံတော်ဘဏ္ဍာ အလွဲသုံးစားပြုသူအား ထိရောက်စွာအရေးယူပေးရေး၊ တိုင်းရင်းသားအရေးကို ခုတုံးလုပ်ပြီး စီးပွားရှာသူ အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကြွေးကြော်ဆန္ဒပြခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ ကာယကံရှင်ပညာရေးမှူး (၀၉ ၄၅၄၈၇၈၃၆၁)၊ ခရိုင်ပ ညာရေးရုံး၊ ပညာရေးဝန်ကြီးဌာနတွေဆီပါ မေးမြန်းဖို့ ကြိုးစားပေမယ့် ဖြေကြားပေးနိုင်သူတွေနဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013