
အီရန်ပြည်ထဲရေးဝန်ကြီး အက်စ်ကန်ဒါ မိုမန်နီဟာ အောက်တိုဘာ ၅ ရက်မှာ ကာတာနိုင်ငံ ဒိုဟာမြို့ဆီသွားခဲ့ပြီး လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသတွင်း တင်းမာမှုတွေ အကြောင်း ဆွေးနွေးဖို့ ကာတာအရာရှိ ကြီးတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မိုမန်နီဟာ ကာတာပြည်ထဲရေးဝန်ကြီး ရှိတ်ခ် ခါလီဖှာ ဘင်ဟာမဒ် ဘင်ခါလီဖှာ အယ်လ်ထာနီနဲ့ ပြည်ထဲရေးဆိုင်ရာ နိုင်ငံတော်ဝန်ကြီး ရှိတ်ခ် အဗ်ဒူလာဇစ် ဘင်ဖိုင်ဆယ် ဘင်မိုဟမ်မဒ် အယ်လ် ထာနီတို့နဲ့ ဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးအပြီးမှာ မိုမန်နီက နှစ်ဖက်စလုံးအနေနဲ့ စနစ်တကျဖွဲ့စည်းထားတဲ့ ရာဇဝတ်မှုတွေ၊ ကမ်းခြေစောင့်တပ်ဖွဲ့တွေအကြား ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ရာဇဝတ်မှုတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
သူ့ရဲ့ ခရီးစဉ်အပြီးမှာလည်း ကျွမ်းကျင်ပညာရှင်အဆင့် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆက်လုပ်သွားမယ်လို့ ထပ်ပြောခဲ့ပါတယ်။
မိုမန်နီဟာ အောက်တိုဘာ ၆ ရက်မှာ ကာတာစော်ဘွား တာမင် ဘင် ဟာမဒ် အယ်လ် ထာနီနဲ့ တွေ့ဆုံ ခဲ့ပါတယ်။
Source:Reuters











