DVB Logo
Home
နိုင်ငံတကာ
အမေရိကန်-အီရန် ဒိုဟာဆွေးနွေးပွဲ ပြီးဆုံး၊ ရေရှည်ငြိမ်းချမ်းရေးလမ်း မတွေ့သေး
DVB
·
July 2, 2026
ဟော်မုဇ်ရေလက်ကြားအနီး မြင်တွေ့ရသည့် သင်္ဘောအချို့။ (Photo: Reuters)
ဟော်မုဇ်ရေလက်ကြားအနီး မြင်တွေ့ရသည့် သင်္ဘောအချို့။ (Photo: Reuters)
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ အီရန်နိုင်ငံတို့ကြား တဆင့်ခံ ဆွေးနွေးပွဲကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ဇူလိုင် ၁ ရက်က အဆုံးသတ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ ရေရှည်ငြိမ်းချမ်းရေးအတွက် တိုးတက်မှုလက္ခဏာ မတွေ့ရဘဲ ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာရေးနဲ့ အီရန်ရဲ့ ရန်ပုံငွေတွေ ပြန်ဖွင့်ပေးရေး ကိစ္စတွေကိုသာ အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံ ကိုယ်စားလှယ်တွေဟာ ကာတာနဲ့ ပါကစ္စတန် ကြားဝင်စေ့စပ်ပေးသူတွေကနေတဆင့် သီးခြားစီ တွေ့ဆုံခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လတုန်းက စစ်ပွဲကို ရပ်ဆိုင်းစေခဲ့တဲ့ ကနဦး သဘောတူညီချက်ပါ အချက်တွေကို အကောင်အထည်ဖော်ဖို့ အခုလို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ အီရန်ရဲ့ နျူကလီးယား အစီအစဉ်ကို ကန့်သတ်နိုင်ဖို့ တိုးတက်မှုတွေ ရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

ထရမ့်ပ်က “အီရန် နျူကလီးယားကင်းစင်ရေးက ကောင်းကောင်း ရှေ့ရောက်နေပါတယ်။ သူတို့ အစည်းအဝေးတွေ အရမ်းအဆင်ပြေခဲ့ပါတယ်။ ကျုပ်တို့ ဆက်စောင့်ကြည့်ရမှာပါ” လို့ ဆိုပါတယ်။

ဒါပေမဲ့ အခုဆွေးနွေးပွဲဟာ လုပ်နည်းလုပ်ဟန်ပိုင်းဆိုင်ရာသာ ဖြစ်လို့ နျူကလီးယားအကြောင်း မပါဝင်ဘူးလို့ ဆွေးနွေးပွဲနဲ့ နီးစပ်သူတွေက ရှင်းပြပါတယ်။

ကနဦး သဘောတူညီချက်မှာ ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ပေးဖို့ ပါဝင်ပေမဲ့ အီရန်ဘက်က ဒီရေလက်ကြားကို သူတို့ ထိန်းချုပ်ထားကြောင်း နိုင်ငံတကာက အသိအမှတ်ပြုလာအောင် ကြိုးစားနေပါတယ်။

နောက်ထပ် ဆွေးနွေးပွဲကိုတော့ ဇူလိုင် ၉ ရက်မှာ ပြုလုပ်မဲ့ အီရန် အမြင့်ဆုံးခေါင်းဆောင်ဟောင်း အယာတိုလာ အလီခါမေနီရဲ့ ဈာပနအခမ်းအနား ပြီးဆုံးမှသာ ပြန်စမယ်လို့ ကာတာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013