DVB Logo
Home
မြန်မာသတင်း
မိုင်းကိုင်ကနေ အစိုးရတပ်များဆုတ်ခွာပေးရန် ရွာသားများတောင်း
DVB
·
October 13, 2016
မိုင်းကိုင်ကနေ အစိုးရတပ်များဆုတ်ခွာပေးရန် ရွာသားများတောင်း
Donate to DVB

 

တိုက်ပွဲတွေမဖြစ်အောင် ရှောင်ရှားနိုင်ဖို့အတွက် ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းကိုင်မြို့နယ် တုံလောဝ်းဒေသမှာ ရောက်ရှိနေတဲ့ အစိုးရတပ်မတော် စစ်ကြောင်းတွေ ဆုတ်ခွာပေးဖို့  ရွာသားတွေနဲ့ သံဃာတွေက တောင်းဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ အောက်တိုဘာ ၁၂ ရက်က တုံလောဝ်း ကျေးရွာကို ရောက်ရှိလာစဉ်ရွာသားတွေက ၀ိုင်းဝန်းတောင်းဆိုခဲ့ကြတာလို့ မိုင်းကိုင်မြို့နယ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်လွှတ်တော်အမတ် ဦးစိုင်းလုံကပြောပါတယ်။

“အစိုးရတပ် ရောက်လာတော့ ဒီဘက်မှာ လှုပ်ရှားနေတဲ့ ရှမ်းပြည်တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်၊ တိုက်ပွဲကြောင့်မို့ သူတို့က ခုထိ အိမ်မပြန်ရသေးဘူး၊   ၁၁ ရက်နေ့မှာ တချို့က သူတို့မူရင်း ပန်ပွဲရွာကို ပြန်လာနေပြီ၊ တချို့က ရွာထဲရောက်နေပြီ၊ အဲဒါ တိုက်ပွဲတွေ ထပ်ဖြစ်တော့ ၃ မိုင်ေ လာက်ဝေးတဲ့ တုံလောဝ်းဘုန်းကြီးကျောင်းကို တခါပြန်ပြေးလာရရော၊ အဲဒါ မနေ့က ပြည်နယ် အစိုးရအဖွဲ့နဲ့ တာဝန်ရှိသူတွေ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာပို့တာနဲ့ လူ ၅၀ ကျော်ေ လာက်ကဆန္ဒထုတ်ဖော်ပြီး တောင်းဆိုခဲ့ကြတယ်။ ဒီမှာ ရောက်နေတဲ့ အစိုးရတပ်တွေ ပြန်သွားဖို့နဲ့ အစိုးရတပ်က ဖမ်းသွားပြီး နမ့်လန်မှာ ပြန်လွှတ်ပေးခဲ့တဲ့ထဲ ပါမလာတဲ့ လူ ၂ ယောက်ကို ပြန်ရှာပေးဖို့ တောင်းဆိုကြတယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ပန်ပွဲရွာရှိ အာရ်စီအက်စ်အက်စ် မူးယစ်ဆေးဖြတ် စခန်းကနေ ခေါ်ဆောင်သွားတဲ့ လူတွေထဲက လူ ၂၅ ဦးကို တပ်မတော်ကပြန်လွှဲပေးရာမှာ ထမင်းချက်တာဝန်ကျတဲ့ လူငယ် ၂ ဦး ပါမလာဘဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

တပ်မတော်စစ်ကြောင်းက သီပေါမြို့နယ် နမ့်လန်ရွာဘက်ခေါ်ဆောင်သွားစဉ်တုန်းက လူငယ် ၂ ဦးပါရှိပြီ ဟိုရောက်တော့ လူစုခွဲပြီးချုပ်ထားရာမှာ ပြန်အပ်တဲ့ခါ မတွေ့ရတော့ဘူးလို့ ပြန်ရောက်လာသူတွေကပြောတယ်လို့ ဆိုပါတယ်။

ရွာသားတွေရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ် မေးမြန်းရာမှာ ရမခစစ်တပ်တွေနဲ့  ဆက်သွယ်မေးမြန်းနေတယ်လို့ ကြားမိပေမယ့် အသေးစိပ်မသိဘူးလို့  ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးစိုင်းသော်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013