DVB Logo
Home
မြန်မာသတင်း
တရားမ၀င်သစ် လိုက်လံဖမ်းဆီးစဉ် ရေနစ်သေဆုံးခဲ့သည့် ဒုရဲအုပ်အလောင်း ပြန်တွေ့
DVB
·
October 12, 2016
တရားမ၀င်သစ် လိုက်လံဖမ်းဆီးစဉ် ရေနစ်သေဆုံးခဲ့သည့် ဒုရဲအုပ်အလောင်း ပြန်တွေ့
Donate to DVB

 

အင်းတော်မြို့နယ် မဲဇာတံတားလုံခြုံရေးရဲကင်းစခန်းမှ ဒုရဲအုပ်တဦး တရားမဝင်သစ်ဖောင် လိုက်လံဖမ်းဆီးစဉ် စက်လှေတိမ်းမှောက်ပြီး ရေနစ်သေဆုံးခဲ့တဲ့ အလောင်းကို ဒီနေ့ ပြန်လည် တွေ့ရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ်မဲဇာ တံတားလုံးခြုံရေးရဲကင်းစခန်းမှ ရဲအုပ်တဦး အောက်တိုဘာ ၁၀ ရက်ည ၉ နာရီအချိန်မဲဇာချောင်းအတွင်း တရားမဝင်သစ် လိုက်လံဖမ်းဆီးစဉ် စက်လှေတိမ်းမှောက် ရေနစ်သေဆုံးခဲ့တဲ့ အလောင်းကို အောက်တိုဘာ ၁၂ ရက် မနက် ၈ နာရီ ၅ မိနစ်အချိန် ထီးချိုင့်မြို့နယ်ဇီးသောင်ရွာအနီး မဲဇာချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့တယ်လို့ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

အောက်တိုဘာ ၁၀ ရက်ည ၉ နာရီအချိန်အင်းတော်မြို့နယ် မဲဇာတံတားလုံးခြုံရေး ရဲကင်းစခန်းမှ ဒုရဲအုပ်ဝဏ္ဏဆွေ၊ ရဲတပ်သား ကျော်ထင်စိုး၊ ရဲတပ်သား ခင်မောင်တိုး၊ ရဲတပ်သား စိန်ဦးတို့ဟာ သတင်းအရ တရားမဝင်သစ် ဖောင်ဖမ်းဆီးဖို့အတွက် စက်လှေမောင်းနှင်သူဦးပိုင်ရဲ့ စက်လှေနဲ့ မဲဇာချောင်းအတိုင်း ထွက်ခွာခဲ့ကြောင်း ပိန္နဲကုန်း(မဲဇာတံတား) အရှေ့ဘက် ၁ မိုင်ခန့်အကွာ အရောက်မှာ စက်လှေအားအရှိန်မြှင့်တင်မောင်းနှင်စဉ် စက်လှေဦးပိုင်း နစ်မြုပ်သွားခဲ့ပါတယ်။

စက်တပ်လှေပေါ် လိုက်ပါလာတဲ့ ရဲတပ်ဖွဲ့ဝင်များမှာ လှေပေါ်မှခုန်ချပြီး ကူးခတ်စဉ် ရဲတပ်သားစိန်ဦး ကိုင်ဆောင်တဲ့ ၁၂ ဗို့ပြောင်းချော သေနတ်မှာ ရေထဲသို့ကျသွားပြီး ကျန်ရှိနေတဲ့ ၁၂ ဗို့ ပြောင်းချော ၁ လက်ကို ရဲတပ်သား ခင်မောင်တိုးမှ ဒုရဲအုပ်ဝဏ္ဏဆွေကို ပေးအပ်ကာ ကမ်းသို့ကူးခတ်လာစဉ် ရဲတပ်သား ၃ ဦး ကမ်းစပ်သို့ရောက်ရှိလာပြီး ဒုရဲအုပ် ၀ဏ္ဏဆွေနဲ့ ၁၂ ဗို့ပြောင်းချော သေနတ် ၁ လက်တို့ ပျောက်ဆုံးခဲ့ရပါတယ်။

အခင်းဖြစ်နေရာသို့ ခေတ္တကသာခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ရွှင်၊ အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းဆွေညွှန့် ဦးဆောင်တဲ့အဖွဲ့ဟာ ရှာဖွေရာ အောက်တိုဘာ ၁၁ ရက်နေ့လည် ၁၂ နာရီအချိန်မှာ ၁၂ ဗို့ပြောင်းချော သေနတ်နံပါတ်(14-M03362) သေနတ်တလက်အား ရှာဖွေတွေ့ရှိခဲ့ပြီး ညနေ ၄ နာရီ ၂၅ မိနစ်အချိန် ၁၂ ဗို့ပြောင်းချော သေနတ်နံပါတ်(14-M 03365) သေနတ်တလက်ကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

စက်လှေတိမ်းမှောက်မှုကြောင့် ပျောက်ဆုံးနေသော ဒုရဲအုပ်ဝဏ္ဏဆွေအား ဆက်လက်ရှာဖွေခဲ့ရာ အောက်တိုဘာ ၁၂ ရက်နံနက် ၈ နာရီ ၅ မိနစ်အချိန် ထီးချိုင့်မြို့နယ် ဇီးသောင်ရွာအနီး မဲဇာချောင်းအတွင်းမှ ပြန်လည်တွေ့ရှိခဲ့ပြီး အင်းတော်မြို့ မြတ်စေတနာ နာရေးကူညီမှုအသင်းမှ ကားနဲ့ အင်းတော်ဆေးရုံသို့ ပို့ဆောင်ထားပြီး ဓမ္မတာအတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးအရေးယူပေးပါရန် ရဲအုပ်စိုးလှိုင်မှ တိုင်းကြားထားသောအမှုဖြစ်ကြောင်း ရဲမှတ်တမ်းတွေ အရ သိရပါတယ်။

အင်းတော်မြို့နယ် ပိန္နဲကုန်း(မဲဇာတံတား)လုံခြုံရေးတာဝန်ဆောင်ရွက်နေတဲ့ ဒုရဲအုပ်ဝဏ္ဏဆွေ သေဆုံးမှုကို အင်းတော်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၆ နဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013