DVB Logo
Home
မြန်မာသတင်း
ရခိုင့်သယံဇာတ ရခိုင်သုံးစွဲခွင့်ရရေး မိုင် ၃၀၀ ကျော် လူထုလမ်းလျှောက်ချီတက်ဆန္ဒပြမည်
DVB
·
October 7, 2016
ရခိုင့်သယံဇာတ ရခိုင်သုံးစွဲခွင့်ရရေး မိုင် ၃၀၀ ကျော် လူထုလမ်းလျှောက်ချီတက်ဆန္ဒပြမည်
Donate to DVB

ရခိုင်ပြည်နယ်ကထွက်လာတဲ့ ရွှေသဘာဝဓာတ်ငွေ့နဲ့ ရခိုင့်သယံဇာတနဲ့ မြေယာပိုင် ဆိုင်ခွင့်တွေရရှိရေးအတွက် မိုင်ပေါင်း ၃၀၀ ကျော်ကို လမ်းလျှောက်ချီတက်ပြီး ဟောပြောမှုတွေပြုလုပ်သွားမယ်လို့ ရခိုင့်သယံဇာတနဲ့ လူမှု့အဖွဲ့အစည်းတွေက ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၇ ရက်မနက်က မိုးကုတ်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ကျင်းပနေခဲ့တဲ့ ရခိုင့်သဘာဝသယံဇာတအဖွဲ့တွေနဲ့ လူမှုအဖွဲ့အစည်းက လူဦးရေ ၃၀ က အခုလို ဆုံးဖြတ်လိုက်ကြတာပါ။

ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ကိုထွန်းကြည် က “ရခိုင့်မြေယာနဲ့ သယံဇာတကို စီမံဖန်တီးပိုင်ခွင့် ရရှိရေးပါ။ အဓိကတော့ ရခိုင်ပြည်မှာရှိတဲ့သယံဇာတတွေကို ရခိုင်လူထု ပိုင်ဆိုင်ခွင့် ဆုံးဖြတ်ပိုင်ခွင့်ဆိုတာ ကျနော်တို့ အနေနဲ့ တောင်းကို တောင်းဆိုရမယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ၂၀၀၈ ဖွဲ့စည်းပုံအရ သော်လည်းကောင်း၊ ဒီကနေ့ဘာပဲဖြစ်ဖြစ် ကျနော်တို့ရခိုင်လူထုဟာ သယံဇာတတွေ ဆုံးရှုံးခံနေရတယ်။ မြေယာအများကြီးဆုံးရှုံးခံနေရတယ်။ ဒီနေ့အစည်းရဲ့ ဆုံးဖြတ်ချက်နဲ့ ရခိုင့်သယံဇာတ၊ မြေယာပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို အကောင်အထည်ဖော်လာရေး လူထု လမ်းလျှောက်ပွဲတခုလုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ။”

ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာရှိတဲ့ သယံဇာတွေကို သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ် လူမျိုးတွေက ကိုယ်တွယ်ဖြေရှင်းဆုံးဖြတ်ဖို့နဲ့ အနာဂတ်ကာလမှာ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်တဲ့အခါမှာ သယံဇာတခွဲဝေပိုင်ခွင့်၊ မြေယာဆုံးဖြတ်ပိုင်ခွင့် အလွန်အရေးကြီးတဲ့ ကဏ္ဍတခုဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်မှထွက်ရှိလာတဲ့ ရွှေသဘာဝဓာတ်ငွေ့နဲ့ သယံဇာတ အပါအဝင် မြေယာ ပိုင်ဆိုင်ခွင့်တွေဒေသခံ ရခိုင်ပြည်သူတွေတစုံတရာခံစားခွင့် မရှိဘဲ လုပ်ဆောင်နေတာကြောင့် အစိုးရသစ် လက်ထက်မှာ ဒေသခံတွေရဲ့ ရပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်တွေကိုလုပ်ပေးဖို့ လိုတယ်လို့ ရခိုင့် သံယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ အဖွဲ့ဝင်ကိုစိုးသီဟ ဒီဗွီဘီကို ပြောပါတယ်။

“ရခိုင်ပြည်နယ်၊ ရွှေသာဘာဝဓာတ်ငွေ့အပါအဝင်ပေါ့ အလျှံအပယ်တွေထွက်နေတယ်။ ဒါကို ဒေသခံပြည်သူတွေ တစုံတရာခံစားခွင့်မရှိဘူး။ ရခိုင်တပြည်လုံးကပြည်သူတွေ သယံဇာတ တွေနဲ့ ပတ်သက်ပြီးခံစား ခွင့်ပေးဖို့ လက်မှတ်ထိုးတင်ထားပါပြီ။ အစိုးရသစ်လက်ထက်မှာ ဒေသခံပြည်သူတွေ ခံစားခွင့်ဘယ်လိုရရှိ လာမလဲ။ ဘယ်လို မူဝါဒတွေဆွဲမလဲ။ ကျနော်တို့ အစဉ်မပြတ်စောင့်ကြည်နေပါတယ်။”

ဒီကနေ့အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရခိုင့်သယံဇာတ၊ မြေယာပိုင်ဆိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး လူထုလမ်းလျှောက်ပွဲကို စစ်တွေမြို့ကနေ စတင်မှာဖြစ်ပြီး အဲ့ဒီကနေတဆင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ တောင်ကုတ်၊ ကျောက်ဖြူစတဲ့ မြို့တွေချီ တက်လမ်း လျှောက်မှာဖြစ်ပါတယ်။

သတင်း - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013