DVB Logo
Home
မြန်မာသတင်း
သိန်းတသောင်းချီးမြှင့်မည့် ငါးရာတန်ထီလက်မှတ်တွင် ဆုမဲပါဝင်မှု နည်းမည်
DVB
·
September 21, 2016
သိန်းတသောင်းချီးမြှင့်မည့် ငါးရာတန်ထီလက်မှတ်တွင် ဆုမဲပါဝင်မှု နည်းမည်
Donate to DVB

ကျပ် သိန်းတသောင်း အမြင့်ဆုံး ဆုချီးမြှင့်မယ့် ၅၀၀ တန်ထီလက်မှတ်တွေဟာ ၂၀၀ တန်ထီလက်မှတ်ထက် ဆုမဲပါဝင်မှု နည်းမယ်လို့ အောင်ဘာလေ သိန်းဆုဌာနခွဲက ပြောပါတယ်။

၅၀၀ တန် ထီလက်မှတ်တွေကို လာမယ့်မတ်လမှာ စတင်ရောင်းချသွားမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲက စက်တင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တာပါ။

၅၀၀ တန် ထီလက်မှတ်ဟာ ၂၀၀ တန် ထီလက်မှတ်ထက် ဆုကြေးငွေ မြင့်မားမှာဖြစ်တဲ့အတွက် ထီဝါသနာရှင်တွေ မျှော်လင့်နေတဲ့ ဆုမဲများများ ပါဝင်မှာ မဟုတ်ဘူးလို့ အောင်ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းအောင်က ပြောပါတယ်။

“သိန်း ၁၅၀၀ ပေါက်ဖို့ chance ကလည်း ပိုများပါတယ်။ အဲဒီမှာ ၂၀၀ တန်ထီကိုလည်း ဆက်ထိုးကြပေါ့နော်။ ထို့အတူ ကျပ် ၅၀၀ တန်ထီမှာတော့ အမြင့်ဆုံးဆုက ကျပ်သိန်း တသောင်းပေါ့နော်။ ဆုမဲကြီးကြီးလိုချင်တယ်ဆိုရင်လည်း သိန်းတသောင်းကို ထိုးပေါ့နော်။ အဲဒီတော့ ၂၀၀ တန်လည်းထိုး၊ ၅၀၀ တန်လည်း ထိုးမယ်ဆိုရင်တော့လည်း ပေါက်မဲ chance က အခွင့်အလမ်း ပိုများတာတော့ ၂၀၀ တန်က ပိုများတယ်။ ဆုကြီးကြီးလိုချင်ရင်တော့ ၅၀၀ တန်ထိုး၊ သိန်းတသောင်း လိုချင်ရင်တော့။ ၂၀၀ တန်ရော၊ ၅၀၀ တန်ရော မလွတ်တမ်း ထီထိုးပေးကြပါ။"

၅၀၀ တန် ထီလက်မှတ်မှာ အမြင့်ဆုံးဆု ကျပ်သိန်းတသောင်းဆု ချီးမြှင့်မှာ ဖြစ်တာကြောင့် ဘ၀အတွက် အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်မယ်လို့ ထီဝါသနာရှင်တွေက ပြောပါတယ်။ ဒါ့အပြင် ပေါက်မဲများများ ထည့်သွင်းပေးဖို့ကိုလည်း မျှော်လင့်နေကြတာပါ။

“အခုက ပေါက်မဲက နည်းနေတယ်၊ ဒီသိန်း ၁၅၀၀ က။ အရင်တုန်းက သိန်း ၅၀ တုန်းကဆိုရင် ဒီလောက်ထိ မနည်းဘူးလေ။ နှစ်မျက်နှာအထိပါတယ်။ အခု သိန်း ၁၅၀၀ ကျမှပဲ ထီပေါက်ရေက နည်းနေတာပေါ့နော်။ သိန်းတသောင်းကျရင်တော့ အဲလိုမျိုး ပိုများမယ်လို့ ထင်တာပေါ့နော်” လို့ ထီဝါသနာရှင် ကိုအောင်သူက ပြောပါတယ်။

ထီဝါသနာရှင် နောက်တဦးဖြစ်တဲ့ မဟေမာန်ကလည်း “ကျမတို့ အမြဲတမ်း ထီထိုးတဲ့လူတွေအတွက်ကတော့ သိန်း ၁၅၀၀ ထက်စာရင် သိန်းတသောင်းကို ပိုပြီးတော့ မျှော်လင့်နေပါတယ်ရှင်” လို့ ပြောပါတယ်။

၅၀၀ တန်ထီလက်မှတ် စတင်ရောင်းချတာနဲ့ လက်ရှိရောင်းချနေတဲ့ ၂၀၀ တန် ထီလက်မှတ်တွေဟာ သိသိသာသာ အရောင်းလျော့ပါးသွားမယ်လို့ ထီလက်မှတ် အရောင်းဆိုင်တွေက ဆိုပါတယ်။

လက်ရှိရောင်းချနေတဲ့ ၂၀၀ တန်ထီလက်မှတ်မှာ ဆုမဲပေါင်း နှစ်ရာနီးပါး လစဉ်မဲဖောက်ပေးနေတာ ဖြစ်ပါတယ်။

သတင်း - အောင်ဆန်းဦး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013