
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြမိုက်ကယ်ကာရစ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ် နေတယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာနဲ့ပွဲမှာ ၄ ဂိုးစီ သရေကျခဲ့တာကြောင့် မန်ယူဟာ အဆင့် ၁၈ နေရာအထိ ကျဆင်း သွားတာပါ။ ဒါဟာ အသင်းအတွက် နှစ် ၄၀ အတွင်း အဆိုးရွားဆုံး ရာသီအစ ရလဒ် ဖြစ်ပါတယ်။
အသင်းတာဝန်ရှိသူတွေဟာ နိုင်ငံတကာပွဲစဉ် အနားပေးကာလအတွင်း ကာရစ်ရဲ့ အနာဂတ်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
သူ့ရဲ့နေရာမှာ အစားထိုးဖို ပိုချက်တီနို၊ ကွန်တီနဲ့ အယ်ဒီဟောင်းတိုကို စိစစ်နေတာပါ။ မန်ယူဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး တန်းဆင်းဇုန်ထဲ ရောက်ရှိနေတာ ဖြစ်ပါတယ်။
Photo:Reuters











