
ကမ္ဘာကျော် ကေပေါ့ပ်အဖွဲ့ဖြစ်တဲ့ BTS ဟာ မက္ကဆီကိုသမ္မတရဲ့ လသာဆောင်ကနေ ပရိသတ်တွေ ကို မေ ၆ ရက်မှာ နှုတ်ဆက်ခဲ့ပါတယ်။
မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘောင်းနဲ့ တွေ့ဆုံအပြီးမှာ မြို့တော်က ဇိုကာလိုရင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကို နှုတ်ဆက်ခဲ့တာပါ။
ဒီစုဝေးမှုမှာ လူ ၅၀,၀၀၀ လောက် တက်ရောက်ခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
အဖွဲ့ဝင်တွေဖြစ်တဲ့ RM နဲ့ Vတို့က ပရိသတ်တွေကို စပိန်ဘာသာစကားနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ မေလ ၇ ရက်၊ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပမဲ့သူတို့ရဲ့ Arirang ကမ္ဘာလှည့်ဖျော်ဖြေပွဲအတွက် စိတ်လှုပ်ရှားနေတယ်လို့ သူတို့က ဆိုပါတယ်။
စစ်မှုထမ်းတာဝန် ပြီးဆုံးပြီးနောက် ပထမဆုံး ပြန်လည်စတင်တဲ့ ဒီကမ္ဘာလှည့်ဖျော်ဖြေပွဲမှာ နိုင်ငံပေါင်း ၂၃ နိုင်ငံက မြို့ပေါင်း ၃၄ မြို့ ပါဝင်မှာ ဖြစ်ပါတယ်။ မက္ကစီကို သမ္မတ ရှိန်းဘောင်း ကလည်း BTS အဖွဲ့ကို နောက်နှစ်မှာပါ ပြန်လာဖို့ တိုက်တွန်းခဲ့ပါတယ်။
Source:Reuters










